my_tn/gal/05/22.md

3.2 KiB

ဝိညာဉ်ပကတိ၏ အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။

အခြားသောဘာသာပြန်ဆိုချက်၊ "ဝိညာဉ်တော်၏ထိန်းချုပ်မှုအောက်တွင် နေထိုင်ခြင်းအကျိုးကျေးဇူးများဖြစ်သော ချစ်ခြင်း၊.......ကာမဂုဏ်ချုပ်တည်းခြင်းတို့သည် သစ်ပင်တစ်ပင်မှ အသီးများသီးနေခြင်းနှင့်တူသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဝိညာဉ်ပကတိ၏ အကျိုးမူကား၊

ဝိညာဉ်တော် ဖြစ်ထွန်းစေတတ်သော အရာများ

ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၎င်း လက်ဝါးကပ်တိုင်မှာရိုက်ထားကြပြီ။

ရှင်ပေါလုက ဇာတိပကတိကို ငြင်းပယ်သော ခရစ်ယာန်များထံ ပြောခြင်းဖြစ်သည်။ "ဇာတိပကတိသည် လူဖြစ်လျှင် လက်ဝါးကပ်တိုင်ပေါ်၌ ကွပ်မျက်သင့်သည်" ဟု ပြောထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇာတိပကတိ၏ လိုအင်ဆန္ဒများအတိုင်း အသက်ရှင်ခြင်းကို ကားတိုင်တွင် အသေသတ်သကဲ့သို့ ငြင်းပယ်ရမည်" (ရှု၊ [[rc:///ta/man/translate/figs-personification]] နှင့် [[rc:///ta/man/translate/figs-metaphor]])

ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၎င်း လက်ဝါးကပ်တိုင်မှာရိုက်ထားကြပြီ။

ဇာတိပကတိကို အသက်ရှိသော လိုအင်ဆန္ဒများနှင့် ပြည့်သည့် လူကဲ့သို့ ခိုင်းနှိုင်းထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် "ဇာတိပကတိကြောင့် သူတို့ အလွန်လိုချင်တပ်မက်နေသော အရာများ" (ရှု၊ rc://*/ta/man/translate/figs-personification)