my_tn/gal/05/11.md

5.4 KiB

ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ်ကြောင့်ညှင်းဆဲခြင်းကို ခံရသေးသနည်း။

ရှင်ပေါလုက လူတို့သည် ယုဒထုံးစံလိုက်နာရန်လိုကြောင်းမဟောသည့်အတွက် ညှင်းဆဲခြင်းသည် အဓိပ္ပာယ်မရှိကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ ဤစာကြောင်းကို ပြုခြင်းပြ သဘောဆောင်၍ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းမင်္ဂလာကို မခံယူရသေးသောကြောင့် ယုဒလူမျိုးတို့သည် ငါ့ကို ညှင်းဆဲကြ၏" (ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-hypo]])

ညီအစ်ကိုတို့

ဤနေရာတွင် ခရစ်ယာန်အဖော်များကို ဆိုလိုသည်။ "ညီအစ်ကို မောင်နှမများ" (၁း၁)

ထိုသို့ဟောပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍ လဲစရာအကြောင်းပယ်ရှင်းလျက်ရှိ၏။

ရှင်ပေါလုက သခင်ယေရှု၏ လက်ဝါးကပ်တိုင်ပေါ်တွင် ပြုသောအမှုကြောင့် ဘုရားသခင်သည် လူတို့ကို ခွင့်လွှတ်ကြောင်းကို ဟောပြောသည့်အတွက် နှိပ်စက်ခြင်းသည် အဓိပ္ပာယ်မရှိကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-hypo)

ထိုသို့ဟောပြောလျှင်

"အကယ်၍ ငါသည် အခြားသူများထံ ယုဒထုံးစံလိုက်နာရန်လိုသည်ဟု ပြောလျှင်"

လက်ဝါးကပ်တိုင်တော်ကို ထိမိ၍ လဲစရာအကြောင်းပယ်ရှင်းလျက်ရှိ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "လက်ဝါးကပ်တိုင်အကြောင်း သွန်သင်ခြင်းသည် အတိုက်အခံမရှိ" သို့မဟုတ် "လက်ဝါးကပ်တိုင်အကြောင်း သွန်သင်ခြင်းသည် လူများ ပုန်ကန်ထကြွစေခြင်းကို သင်ပေးခြင်းမဟုတ်ပါ"

လက်ဝါးကပ်တိုင်တော်ကို ထိမိ၍ လဲစရာအကြောင်းပယ်ရှင်းလျက်ရှိ၏။

ဤစာကြောင်းရှိ ခလုတ်ကန်သင်းထိ၍ လဲခြင်းသည် အပြစ်ကို ရည်ညွှန်း၍၊ ခလုတ်ကန်သင်းတို့သည် လူများအပြစ်ဖြစ်စေခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သော သခင်ယေရှုသည် လူသားတို့အတွက် အသေခံသည်ကို ယုံကြည်ခြင်းအကြောင်းကို ငြင်းပယ်ခြင်းသည် အပြစ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် "လက်ဝါးကပ်တိုင်အကြောင်း သွန်သင်ခြင်းကြောင့် လူတို့ အမှန်တရားကို ငြင်းပယ်ခြင်းမဟုတ်ပါ" သို့မဟုတ် "သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်းကို သွန်သင်မှုသည် မှားယွင်းသောသွန်သင်မှုမဟုတ်ပါ" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-explicit]])

ပယ်ရှင်းနှင်ထုတ်စေခြင်းငှာ

ဖြစ်နိုင်ခြေအဓိပ္ပာယ်မှာ (၁) တိုက်ရိုက်ဘာသာပြန်ရလျှင်၊ သူတို့၏ ယောက်ျားအင်္ဂါကို ဖြတ်၍ မိန်းမစိုးများ ဖြစ်ခြင်း သို့မဟုတ် (၂) တင်စားသုံးနှုန်းထားခြင်းအားဖြင့် ဖော်ပြရလျှင်၊ ခရစ်ယာန်ဘာသာမှ အပြီးအပိုင် နုတ်ထွက်ခြင်း။