my_tn/gal/03/04.md

5.0 KiB

ဤမျှလောက်ဆင်းရဲခြင်းကို အချည်းနှီး ခံကြပြီလော

ပေါလုက ဂလာတိသားများသူတို့ ဆင်းရဲဒုက္ခရောက်ချိန်၊ သူတို့အကျိုးခံစားမည်ဟု ယုံကြည်သောအခါ သတိရစေရန် ဤမေးခွန်းကို သုံးသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆင်းရဲဒုက္ခများခံရခြင်းသည် ကောင်းသောရည်ရွယ်ချက်ရှိကြောင်း သင်တို့သေချာစွာသိကြသည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဤမျှလောက်ဆင်းရဲခြင်းကို အချည်းနှီး ခံကြပြီလော

သူတို့ဤမျှ ဒုက္ခခံရခြင်းအကြောင်းမှာ ခရစ်တော်ကိုယုံကြည်ခြင်းအတွက် သူတိုကို ဆန့်ကျင်သူများကြောင့်ဟု ရှင်းလင်းစွာ ရေးသားဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ကို ဆန့်ကျင်သူများကြောင့် ဒုက္ခများစွာ ခံစားပြီး ခရစ်တော်ကို ယုံကြည်ခြင်းအတွက်ကြောင့် အချည်းနှီးဖြစ်သွားသလား" (ရှု၊ rc://*/ta/man/translate/figs-explicit)

အချည်းနှီး

အခြားသောဘာသာပြန်ဆိုချက်၊ "အသုံးမကျဘဲ" သို့မဟုတ် "ကောင်းသော တစ်စုံတစ်ခု ရရှိမည်ဟု မျှော်လင့်ခြင်းမရှိဘဲနှင့်"

အချည်းနှီး သက်သက်ဖြစ်ရမည်လော

ဖြစ်နိုင်ခြေရှိသောအဓိပ္ပါယ်များမှာ (၁) ပေါလုက သူတို့၏ အတွေ့အကြုံများ အချည်းနှီးမဖြစ်ဖို့ သတိပေးရန်မေးခွန်းသုံးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုခရစ်တော်ယုံကြည်ခြင်း မစွန့်လွှတ်ဘဲနှင့် သင်တို့၏ ဆင်းရဲဒုက္ခများ အချည်းနှီးမဖြစ်စေနဲ့" သို့မဟုတ် (၂) ပေါလုက ဤမေးခွန်းထုတ်ရာ၌ သူတို့၏ ဆင်းရဲဒုက္ခသည် အချည်းနှီးမဟုတ်ကြောင်း သေချာစွာ နားလည်ရန် သုံးသည်။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

ယုံကြည်ခြင်းတရားကို နာခြင်းအားဖြင့် ပြသလော။

ပေါလုက အခြားမေးခွန်းထုတ်ရာ၌ ဂလာတိသားများ မည်ကဲ့သို့ ၀ိညာဥ်တော်ရရှိသည်ကို ပြန်လည်သတိရရန်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပညတ်တော်အားဖြင့်မဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် ကြားနာခြင်းမှ ရကြောင်း" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ပညတ်တရား၏ အကျင့်အားဖြင့် ပြသလော။

ဤနေရာတွင် ဖော်ပြချင်သည်မှာ လူတို့၏ ပညတ်တော်အတိုင်းကျင့်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကြောင်းမှာ သင်သည် ပညတ်တရားအတိုင်း ကျင့်သဖြင့်"

ယုံကြည်ခြင်းတရားကို နာခြင်းအားဖြင့်

အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် သတင်းစကားကို ကြား၍ ယေရှုကို ယုံကြည်သောကြောင့်" သို့မဟုတ် "သင်သည် သတင်းစကားကို နားထောင်၍ ယေရှုကို ကိုးစားသောကြောင့်" (ရှု၊ rc://*/ta/man/translate/figs-explicit)