my_tn/gal/03/01.md

3.6 KiB

ဆက်စပ်မှုဖော်ပြချက်

ဂလာတိရှိ ယုံကြည်သူများကို ပေါလု သတိရစေသည်မှာ ဧ၀ံဂေလိတရားကို ယုံကြည်ခြင်းဖြင့် လက်ခံသောအခါ ဘုရားသခင်က သူတို့ကို ဘုရား၏ ၀ိညာဥ်တော်ကို ပေးခဲ့သည်။ ပညတ်တရားကို ကျင့်ခြင်းကြောင့်မဟုတ်ပါ။

ယေဘုယျဖော်ပြချက်

ပေါလုက ဂလာတိသားများကို မေးခွန်းထုတ်ပြောခြင်းဖြင့် ပြစ်တင်ကြိမ်းမောင်းသည်။

သင်တို့ကို အဘယ်သူပြုစား သနည်း

ပေါလုက ဇောက်ထိုးစကားသုံး၍ မေးခွန်းစကားပြောနည်းဖြင့် ဂလာတိသားများသည် ပြုစားခြင်း ခံကြောင်းကို ပြောသည်။ သူက သူတို့ပြုစားခြင်းခံကြောင်းမယုံကြည်ပါ။ "သင်တို့ တစ်စုံတစ်ယောက်က ပြုစားသကဲ့သို့ နေသည်" (ရှု၊ [[rc:///ta/man/translate/figs-irony]] နှင့် [[rc:///ta/man/translate/figs-rquestion]])

အရာတခုကိုသာ သင်တို့၌ ငါသိလို၏

ဤအကြောင်းသည် အခန်းငယ်၁ ၏ ဇောက်ထိုးစကား အဆက်ဖြစ်သည်။ ပေါလုက သူ့မေးမည့်မေးခွန်း၏ အဖြေကို သိထားသည်။ (ရှု၊ rc://*/ta/man/translate/figs-irony)

ပညတ်တရား၏အကျင့်အားဖြင့် ဝိညာဉ်တော်ကို ခံရကြသလော။ သို့မဟုတ်ယုံကြည်ခြင်းတရားကို ကြားနာခြင်းအားဖြင့် ခံရကြသလော

ပညတ်တရားကျင့်ခြင်းအားဖြင့် သို့မဟုတ် ယုံကြည်ခြင်းအားဖြင့် ဝိညာဥ်တော်ကို ခံရကြသလော။ "ပညတ်တရားအားဖြင့်မဟုတ်ဘဲ၊ ကြားနာခဲ့သောအရာကို ယုံကြည်ခြင်းအားဖြင့်သာ ဝိညာဥ်တော်ခံရကြသည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဤမျှလောက် ပညာမဲ့ကြသလော

ဤစကားပြောနည်းမေးခွန်းသည် ပေါလုဟာ ဂလာတိသားများ၏ ပညာမဲ့ခြင်းကြောင့် အံ့ဩပြီး စိတ်တောင် ဆိုး သွားကြောင်းကို ပြသည်။ "သင်တို့ မိုက်မဲလှချည်လား" (UDB) (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဇာတိကိုအမှီပြု၍

"ဇာတိ" ဟူသော စာလုံးသည် အားထုတ်ခြင်း၏ ဥပမာစကားဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)