my_tn/gal/01/15.md

2.3 KiB

ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော

ဖြစ်နိုင်ခြေအဓိပ္ပာယ်များမှာ (၁) "ဘုရားသခင်သည် ကရုဏာကြီးသောကြောင့် သူ့ကိုအစေခံရန် ကျွန်တော့်ကို ခေါ်တော်မူသည်" သို့မဟုတ် (၂) "သူ၏ ကျေးဇူးတော်အားဖြင့် ငါ့ကိုခေါ်သည်။"

သားတော်ကို ငါအားပြတော်မူသော

ဖြစ်နိုင်ခြေအဓိပ္ပာယ်များမှာ (၁) "သူ့သားကို ငါ့အားသိခွင့်ပြုရန်" သို့မဟုတ် (၂) "ယေရှုသည် ဘုရားသခင်၏သားဖြစ်ကြောင်း လောကကြီးကို ငါ့အားဖြင့် ပြသရန်"။

သားတော်

ဘုရားသခင်၏ သားတော် ယေရှု၏ ပဓါနကျသော ဘွဲ့နာမဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

ဟောပြောစေမည်အကြောင်း

"သူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ထုတ်ပြော" သို့မဟုတ် "ဘုရားသခင်၏ သားအကြောင်းသတင်းကောင်း ဟောပြော"

အသွေးအသားနှင့် တိုင်ပင်ခြင်း

တခြားသူများနှင့် စကားပြောခြင်း ဆိုလိုကြောင်း ဖော်ပြချက်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ယေရုရှလင်မြို့ သို့လည်းမသွား

"ယေရုရှလင်မြို့သို့သွား"။ ယေရုရှလင်မြို့သည် တောင်ပေါ်၌ တည်သောကြောင့် "ယေရုရှလင်မြို့သို့တက်သွား" ဟု သုံးထားသည်။