my_tn/ezk/33/25.md

3.1 KiB

ယေဘုယျ အချက်အလက်

ထာဝရဘုရားသည် ဣသရေလပြည် အပျက်အစီးများကြား၌နေသော သူတို့၏ အကြောင်းကို ယေဇကျေလအား ဆက်လက်ပြောပြသည်။

သွေးနှင့်တကွ အမဲသားကို စားလျက်

သွေးရှိသေးသောအသားကိုစားခြင်းကိုဆိုလိုသည်။ အသွေးကို သွန်ဖို့၊ စင်စေဖို့ သူတို့ကို ထာဝရဘုရား မိန့်တော်မူခဲ့ပြီးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် အသွေးရှိသေးသောအသားကို စားကြသည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ရုပ်တုတို့ကို ဖူးမြော်လျက်

မိမိရုပ်တုများကို မျှော်ကြည့်ကြသည်။ ဆိုလိုသည်မှာ မိမိရုပ်တုများကို ကိုးကွယ်ကြသည်။ (UDB). (ရှု၊ rc://*/ta/man/translate/figs-idiom)

လူအသက်ကိုလည်း သတ်လျက်

အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် အသွေးကို သွန်းပြီ။" ဆိုလိုသည်မှာ သင်သည် လူများကို သတ်သည်။

ဤပြည်ကို ပိုင်ရကြမည်လော

လူများကို ပြစ်တင်ရှုတ်ချဖို့ ဤမေးခွန်းကို ထာဝရဘုရားမေးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ဤမြေကို မပိုင်သင့်" သိုမဟုတ် "ဤမြေကိုသင်တို့ မပိုင်ထိုက်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ထားကို ခိုလှုံလျက်

အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် လိုချင်သောအရာကို ရအောင် သင့် ဓားကို သုံးသည်။"

စက်ဆုပ်ဘွယ်သော အမှုကို ပြုလျက်

အခြားသောဘာသာပြန်ဆိုချက်၊ "ငါ မုန်းတီးရွံရှာသောအရာများကို သင်ပြုလုပ်သည်။"

အိမ်နီးချင်းမယားကို ပြစ်မှားလျက်

သူတို့သည် မိမိ အိမ်နီးချင်းမယားများနှင့် အတူအိပ်ကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။