my_tn/ezk/22/30.md

2.8 KiB

ယေဘုယျ အချက်အလက်

ထာဝရဘုရားသည် ယေရုရှလင် ခေါင်းဆောင်များကို မြို့ရိုးအဖြစ်နှင့် မိမိကိုယ်ကို တိုက်ခိုက်လာသော စစ်တပ်အဖြစ်နှိုင်းယှဉ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှါ ကွယ်ကာ သောသူ

ထာဝရဘုရားနှင့် လူများအကြားတွင် ဖြေင့်မတ်ခြင်းသို့ဦးဆောင်ရန် ဆက်သွယ်ဦးဆောင်ပေးမည့်ခေါင်းဆောင်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြို့ရိုးအဖြစ်အလုပ်လုပ်မည့် သူတို့ထဲလူတစ်ယောက်"

မြို့ရိုးပျက် ပေါ်မှာရပ်၍ ဆီးတားသောသူ တယောက်

မြို့ရိုးအပေါက်၊ သို့မဟုတ် ကျိုးပဲ့သော မြို့ရိုးတွင်နေရန်။ ဣသရေလလူများကို ကာကွယ်သောခေါင်းဆောင်သည် စစ်ကာလအတွင်း မြို့ရိုးကို ကာကွယ်သည့် စစ်သားကဲ့သို့ဖြစ်သည်။

ငါအမျက်ကို ငါသွန်းလောင်းလျက်

ရေကိုခွက်ထဲသို့လောင်းထည့်သကဲ့သို့ လောင်းထည့်သည့် တရားစီရင်ခြင်း။

ငါ့ဒေါသမီး

ဘုရားသခင်၏တရားစီရင်ခြင်းသည် အလွန်ပြင်းထန်သောကြောင့် မီးကဲ့သို့ဖြစ်သည်။

သူတို့အပြစ်ကို သူတို့ ခေါင်းပေါ်သို့ ရောက်စေမည်

တစ်စုံတစ်ခုကို တစ်စုံတစ်ယောက်၏ခေါင်းပေါ်သို့တင်ခြင်းသည် ၎င်းကို သူ့အားထမ်းစေခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ ပြုလုပ်ခဲ့သောအရာများအတွက် သူတို့ကို တာဝန်ယူစေခြင်း" (ရှု၊ rc://*/ta/man/translate/figs-synecdoche)