my_tn/ezk/21/10.md

5.0 KiB

ယေဘုယျ အချက်အလက်

ထာဝရဘုရားသည် ယေရုရှလင်သူ/သားများနှင့် ဣသရေလပြည်အဖို့ သတင်းစကားကို ယေဇကျေလအားဆက်လက်ပေးသည်။

ထက်၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှါ သွေး လေပြီ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သွေးမည်...ဖို့ရန် ချောမွတ်အောင်တိုက်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ပြောင်၍ အရောင်တောက်စေခြင်းငှါ

လွယ်ကူစွာ၊ တောက်ပစွာ အလင်းရောင်ပြန်ဟပ်နိုင်သည်တိုင်အောင် ဓားသည်တောက်လိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လျှပ်စီးလက်သကဲ့သို့ရောင်ပြန်ဟပ်၍" သို့မဟုတ် "လွယ်ကူစွာ၊ တောက်ပစွာ အလင်းရောင်ပြန်ဟပ်နိုင်အောင်" (ရှု၊ rc://*/ta/man/translate/figs-simile)

ငါ့သား၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော

ဘုရင်၏ တန်ခိုးသည် ထိုဓားကို မခုခံနိုင်သောကြောင့် ဣသရေလလူများတို့သည် ဘုရင်၏တန်ခိုးကို ချီးမွမ်းကြမည်မဟုတ်ကြောင်း လေးနက်စေလို၍ မေးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒလူတို့သည် မိမိတို့ဘုရင်၏ တန်ခိုးကို ချီးမွမ်းကြမည်မဟုတ်" သို့မဟုတ် "ငါတို့ဘုရင်၏ ရာဇလှံတံကို ငါတို့ မချီးမွမ်းသင့်" (UDB) (ရှု၊ rc://*/ta/man/translate/figs-rquestion)

ပြုရမည်လော

ယေဇကျေလ နှင့် ဣသရေလလူများကို မေးခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-inclusive)

ငါ့သား၏ ရာဇလှံတံကြောင့်

ဤနေရာတွင် ထာဝရဘုရားသည် ယုဒရှင်ဘုရင်ကို သူ့သားအဖြစ်ရည်ညွှန်းသည်။ ဘုရင်၏ရာဇလှံတံ သည် အုပ်ချုပ်ခြင်းကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရင်၏ ရာဇလှံတံ၌၊ သို့မဟုတ် ဘုရင်၏ရာဇလှံတံ တန်ခိုး၌" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သစ်သား

ဘုရင်၏ ရာဇလှံတံကို သစ်သားဟုခေါ်၍ လှောင်ပြောင်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုကဲ့သို့သော ရာဇလှံတံ" (ရှု၊ rc://*/ta/man/translate/figs-irony)

သုံးစရာဘို့ ပွတ်စေခြင်းငှါ အပ်ထားပြီ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဓားကိုပွတ်တိုက်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

လုပ် ကြံသောသူ၌ အပ်ခြင်းငှါ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထို့နောက် လုပ်ကြံမည့်သူသည် ဓားကို ကိုင်လိမ့်မည်" (UDB) (ရှု၊ rc://*/ta/man/translate/figs-activepassive)

လုပ် ကြံသောသူ၌ အပ်ခြင်းငှါ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လုပ်ကြံမည့်သူ (သတ်မည့်သူ) အသုံးပြုရန် ဓားသည် အဆင်သင့်ရှိပြီ" (ရှု၊ rc://*/ta/man/translate/figs-activepassive)