my_tn/ezk/21/06.md

4.2 KiB

ယေဘုယျ အချက်အလက်

ထာဝရဘုရားသည် ယေဇကျေလကို ပြောဆိုသည်။

အချင်းလူသား

အခန်း ၂:၁ ကိုကြည့်ရန်။

ခါးကျိုးလျက်၊ နှလုံးကြေကွဲလျက်၊ သူတို့ရှေ့မှာ ညည်းတွားသံကို ပြုလော့။

သတင်းစကား၏ နောက်ဆက်တွဲအဖြစ် ညည်းတွားရန် ယေဇကျေလကို ထာဝရဘုရားပြောသည်။ သူသည် ဝမ်းဗိုက် အလွန်နာကျင်သကဲ့သို့ ညည်းညူရန်ပြောသည်။ 'ဝမ်းဗိုက် အလွန်နာကျင်သကဲ့သို့ ညည်းတွားသံ ပြုပါ' သို့မဟုတ် "အလွန်ဝမ်းနည်းပူဆွေးလျက် ညည်းညူသံပြုပါ။" (ရှု၊ rc://*/ta/man/translate/figs-idiom)

နှလုံးကြေကွဲလျက်၊ သူတို့ရှေ့မှာ ညည်းတွားသံ

'လွန်စွာပူဆွေးလျက်' သို့မဟုတ် 'လွန်စွာ ဝမ်းနည်းခြင်းဖြင့်။'

သိတင်းစကားကြောင့်

သတင်းစကားကို သူတို့ထံသို့ လူတစ်ယောက်လာမည့်အလားပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ မကြာမှီကြားရတော့မည့် သတင်းစကား" (UDB) (ရှု၊ rc://*/ta/man/translate/figs-personification)

လူအပေါင်းတို့သည် ကြောက်အားကြီး၍ လက်အား လျော့ကြလိမ့်မည်

လူများကြောက်ရွံမည့်အကြောင်းကို သူတို့အားလျော့အားပျက်ဖြစ်လာမည့်အလား ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတိုင်းသည် ကြောက်ရွံ့လာကြမည်ဖြစ်သောကြောင့်" (ရှု၊ [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-metaphor]])

လျော့ကြလိမ့်မည်

အားနည်းကြလိမ့်မည်။

လူ အပေါင်းတို့သည် ကြောက်အားကြီး၍ လက်အား လျော့ကြလိမ့်မည်

လူများစိတ်ထဲတွင်ကြောက်ရွံ့ကြမည့်အဖြစ်ကို သူတို့သည် ကိုယ်ကာယ အားနည်းကြမည့်အလားပြောဆိုထားသည်။ လူတိုင်းသည် အတွင်းစိတ်တွင်ကြောက်ရွံ့ကြလိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဒူးသည်လည်းအရည် ဖြစ်လိမ့်မည်

'ဒူးသည်ရေကဲ့သို့ အရည်ပျော်လိမ့်မည်။' 'လူများသည် ကြောက်အားကြီး၍ မိမိကိုယ်ကိုသေးရည်ဖြင့်စိုစေကြလိမ့်မည်' ကို ယဉ်ကျေးသောအသုံးဖြင့်ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခြေအားလုံးသည် သေးရည်ဖြင့် စိုကြလိမ့်မည်" သို့မဟုတ် "လူတိုင်းသည် အပေါ့ကို မထိန်းနိုင်ဘဲ ဖြစ်ကြလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-euphemism)