my_tn/ezk/21/04.md

4.3 KiB

ယေဘုယျ အချက်အလက်

ထာဝရဘုရားသည် ဣသရေလပြည်အတွက် သူ၏သတင်းစကားကို ယေဇကျေလအား ဆက်လက်ပေးသည်။

သို့သင်၌

သင်တို့ အထဲ၌။

ပယ်ဖြတ်

သတ်ခြင်း' အတွက် ယဉ်ကျေးသော အသုံးအနှုန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သတ်သည်" (ရှု၊ rc://*/ta/man/translate/figs-euphemism)

တရားသောသူ၊ မတရားသော သူတို့

တရားသောသူ၊ မတရားသောသူများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဖြောင့်မတ်သောသူများ....မတရား၊ မဖြောင့်မတ်သောသူများ၊ သို့မဟုတ် ဖြောင့်မတ်သောလူများ....မတရား၊ မဖြောင့်မတ်သောလူများ" (ရှု၊ rc://*/ta/man/translate/figs-nominaladj)

ငါ့ထားကို သူ့အိမ်မှ ထုတ်

ထာဝရဘုရားကလူများကို သေစေခြင်းကို သူ့ဓားဖြင့်သူတို့ကို သတ်သကဲ့သို့ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဓားကိုဓားအိမ်မှ ထုတ်၍ ထိုးသကဲ့သို့ ဖြစ်လိမ့်မည်" (UDB) (ရှု၊ rc://*/ta/man/translate/figs-metaphor)

သတ္တဝါအပေါင်းတို့

'သတ္တဝါအပေါင်းတို့'သည် လူများကိုရည်ညွန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများအားလုံး" (ရှု၊ rc://*/ta/man/translate/figs-metonymy)

တောင်ဘက်မှသည် မြောက်ဘက်သို့

တောင်ဘက်မှမြောက်ဘက်စ ဟူသည်မှာ ၎င်းတို့ကြားရှိနေရာအားလုံးကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဦးတည်ချက်အားလုံး" သို့မဟုတ် "နေရာတိုင်း" (ရှု၊ rc://*/ta/man/translate/figs-merism)

ငါထာဝရဘုရားသည် ငါ့ထားကို သူ့အိမ်မှ ထုတ်ကြောင်းကို

ထာဝရဘုရားကလူများကို သေစေခြင်းကို သူ့ဓားဖြင့်သူတို့ကို သတ်သကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါထာဝရဘုရားသည်လူများကို ငါ့ဓားဖြင့် ထိုးနှက်သကဲ့သို့ ဖြစ်သည်" (UDB) (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထိုထားသည် နောက်တဖန် အိမ်သို့ မပြန်ရ။

ထာဝရဘုရားသည် လူများကို ထိုးသတ်ခြင်းမှ ရပ်မည်မဟုတ် ကြောင်းကို ထိုဓားသည် လူများကိုထိုးခြင်းမှ မိမိကိုယ်ကို ပြန်မလာမည့်အလား ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထို့နောက် ငါသည် ထိုဓားကို ဓားအိမ်ထဲသို့ တဖန်မထည့်" (UDB)၊ သို့မဟုတ် "ငါသည် လူများကို ထိုးနှက်ခြင်းကို ရပ်တန့်မည်မဟုတ်။" (ရှု၊ rc://*/ta/man/translate/figs-personification)