my_tn/ezk/18/01.md

1.9 KiB

တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍

ထာဝရဘုရားစကားပြောတော်မူသည်။ အခန်း ၁:၁ ကိုကြည့်ရန်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

အဘတို့သည် ချဉ်သောစပျစ်သီးကို စား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကို သုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။

လူများတို့သည် သူတို့မိဘများအပြစ်ကြောင့်အပြစ်ပေးခံရပြီး၊ မိမိတို့သည် အပြစ်ကင်းစင်သည်ဟု ထင်ကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ပြစ်တင်ပြောဆိုခြင်းဖြစသည်။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

အဘတို့သည် ချဉ်သောစပျစ်သီးကို စား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏

ဤစကားပုံသည် သားသမီးများသည် မိဘများ၏ဆိုးညစ်သောလုပ်ရပ်များကြောင့် အပြစ်ပေးခံရသည် ဟုဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/writing-proverbs)

ဣသရေလပြည်

ဣသရေလလူများကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)