my_tn/ezk/08/03.md

2.5 KiB

ယေဘုယျ အချက်အလက်

ယေဇကျေလသည် ဘုရားသခင်ထံမှရသော ရူပါရုံကို ဆက်လက်ပြောပြသည်။

လက်သဏ္ဍာန်ကိုဆန့်၍

လူကဲ့သို့သောသူက လက်ဆန့်ခြင်းဖြစ်နိုင်သည်။ အခန်း ၈:၁။

မြေနှင့်မိုဃ်းကောင်း ကင်ကြား

မြေကြီးနှင့် မိုးကောင်းကင်ကြား။

ယေရုရှလင်မြို့မြောက်မျက်နှာအတွင်း တံခါးဝသို့၊ ဘုရားသခင်၏ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား၏

ဤနေရာတွင် 'ဗျာဒိတ်တော်ရူပါရုံအားဖြင့်' ဟုဆိုရာ၌ယေဇကျေလ၏ အတွင်းစိတ်တွင် ဖြစ်ပေါ်လာသောအရာကို ဖော်ပြလိုခြင်းဖြစ်သည်။ ဤအရာများကို ထာဝရဘုရားက ဖွင့်ပြနေချိန်တွင် ယေဇကျေလသည် သူ၏ အိမ်ထဲတွင်သာရှိသည်။

မြို့မြောက်မျက်နှာအတွင်း တံခါးဝသို့

ယေရုရှလင်မြို့၏ မြောက်ဘက်အရပ်ရှိ တံခါးဝ။ (ရှု၊ rc://*/ta/man/translate/figs-explicit)

အမျက်တော်ကို နှိုးဆော်သော ရုပ်တု

ကြီးမားသောအမျက်တော်ကို နှိုးဆွသော ရုပ်တု သို့မဟုတ် ဘုရားသခင်ကို သဝန်တိုစေသော ရုပ်တု။

လွင်ပြင်၌ အရင်ငါမြင်ဘူးသော ဗျာဒိတ်ရူပါရုံ ကဲ့သို့

ဟိုတခါတုန်းက လွင်ပြင်မှာ ငါမြင်တွေ့ဘူး‌သော နိမိတ်လက္ခဏာကဲ့သို့။

လွင်ပြင်

သစ်ပင်အနည်းငယ်ပေါက်၍ ပြေပြစ်သော မျက်နှာပြင်ရှိသည့်ကွင်းကြီး။