my_tn/ezk/03/14.md

3.1 KiB

ယေဘုယျအချက်အလက်

ဘုရားသခင်သည် သိမ်းသွားခြင်းခံသောဣသရေလလူမျိုးများထံ စေလွှတ်သောကြောင့် ယေဇကျေလသည် စိတ်ဆိုး၍ ဘုရားသခင်ကို ဆန့်ကျင်ပုံရသည်။ ထာဝရဘုရားသည် သူ့ကို အလွန်ပြောစေချင်သည်ကို သိသော်လည်း ၇ ရက်လုံးလုံး စကားမပြောဘဲ နေခဲ့သည်။

ခါးသောစိတ်၊ ပူပန်သောစိတ်

မကျေနပ်ခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသ။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည်ခါးသီးလျက်၊ ငါ့စိတ်နှလုံးသည် ဒေါသဖြင့်ပြည့်သည်၊ သို့မဟုတ် ငါသည် အလွန်ခါးသီးစွာ ဒေါသထွက်သည်"

ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ လေးလံ စွာ တင်လျက်ရှိ၏

ထာဝရဘုရားက စေခိုင်းသော အလုပ်သည် ဇေကျေလ အတွက် စိတ်ပျက်ဖွယ်၊ ဝမ်းနည်းစရာ အလုပ်များဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထာဝရဘုရား၏လက်တော်

ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ (၁) လက်သည် တန်ခိုး၊ အပြုအမူကို ရည်ညွှန်းရန်သုံးလေ့ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ တန်ခိုးတော်" သို့မဟုတ် (၂) သိမ်းသွားခြင်းခံ ဣသရေလလူများထံ သွားဖို့ သူ့စကားကို နားမထောင်သောကြောင့်ထာဝရဘုရားသည် အမျက်ထွက်သည်ကို ယေဇကျေလသိသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

တေလ ဗိဗ

ဗာဗုလုန်မြို့ကြီး၏ အရှေ့တောင်ဘက် ၈၀ ကီလိုမီတာခန့် အကွာတွင် ရှိသည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ခေဗာမြစ်

အခန်း ၁:၁ တွင် ဖော််ပြပြီးဖြစ်သည်။

မိန်းမောတွေဝေ လျက်နေ၏

အလွန်အံ့ဩ၍ ဘာမျှမလုပ်နိုင်ဘဲ ဖြစ်သည်။