my_tn/ezk/01/15.md

1.9 KiB

ဆက်စပ်ဖော်ပြချက်

ယေဇကျေလသည် သူ့ရူပါရုံကို ဆက်လက်ဖော်ပြသည်။

တို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတခုစီ ထင်ရှား၏

သတ္တဝါလေးပါးအတွက် လုံလောက်မည့် ရထားဘီးလေးခုရှီကြောင်းဖော်ပြခြင်းဖြစ်သည်။ ၎င်းသတ္တဝါတို့မျက်နှာမူရာအရပ်အတိုင်း အဆင်သင့်ရှိသော ရထားဘီးများဖြစ်သည်။

ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား

ထိုရထားဘီးများ၊ မည်သို့သောအရောင်ရှိသည်၊ မည်သို့ပြုလုပ်သည်ကို ဖော်ပြလိုခြင်းဖြစ်သည်။

ကျောက်မျက်ရွဲ

အဝါရောင်၊ ရွှေရောင်ရှိသော အဖိုးတန်ကျောက်တစ်မျိုး၊ ကျောက်မျက်ရတနာတစ်မျိုး။

အဆင်းအရောင်တညီတည်း ရှိကြ၏

ရထားဘီးလေးခုစလုံးတူညီသော ပုံသဏ္ဍန်၊ အရောင်အဆင်း ရှိကြသည်။

ဘီးတခုအထဲ၌ ဘီးတခုတပ်သကဲ့သို့ဖြစ်၏။

အဝေးမှ လှမ်းကြည့်ရာတွင် ရထားဘီးများ တစ်ခုနှင့်တစ်ခု ထိစပ်ဆက်နွယ်သကဲ့သို့မြင်ရသည်။