my_tn/ezk/01/04.md

3.7 KiB

ဆက်စပ်ဖော်ပြချက်

ယေဇကျေလသည် သူ့ရူပါရုံကို ဆက်လက်ဖော်ပြသည်။

ပြင်းစွာသော လေကြီးစွာသော မိုဃ်းတိမ်

လေတိုက်နှုန်းပြင်းစွာဖြင့် ဖြစ်ပေါ်လာသော မုန်တိုင်းကို ဆိုလိုသည်။

မြောက်မျက်နှာမှ ပေါ်လာ၏

နေထွက်ရာအရပ်ကို မျက်နှာမူ၍ နေလျှင် သင်၏ လက်ဝဲလက်က ညွှန်ပြသော အရပ်ကိုဆိုလိုသည်။

ထိုမီးစက်ထဲမှာ ... ထင်ရှားကြ၏

ထိုလေမုန်တိုင်းသည် မိုးတိမ်များနှင့် ၎င်းတို့ အတွင်းမှ မီးလျှံများ ထွက်လာလေတိုက်ခတ်သည် ဟုပြန်ဆိုနိုင်သည်။

ထွန်းလင်းသော မီးစက်

အဓိပ္ပါယ်များမှာ ၁) လျှပ်စီးလက်သကဲ့သို့ဖြစ်သည်၊ သို့မဟုတ် ၂) မီးလောင်နေသည့်အလား လင်းလက်သည် ဟုဘာသာပြန်နိုင်သည်။

... ထိုမီးစက်ထဲမှာ

အလွန်လင်းလက်သော အရောင်သည် ၎င်းတိမ်ပတ်လည်နှင့် အထဲတွင် ရှိသည်။

ဟရှဓေလရွှေရောင်

အဝါရောင်ထွက်သော ဟရှဓေလ၊ အဝါရောင်တောက်သည်။ ပယင်းရောင်ထွက်သည်။

ဟရှဓေလ (ပယင်း)

မာကြောသော အဝါရောင်သစ်စေးဖြစ်ပြီး လက်ဝတ်ရတနာများကို အလှဆင်ရာတွင် အသုံးပြသည်။

... မီးစက်ထဲမှာ

၎င်းမုန်တိုင်းအထဲတွင်။

ထိုသတ္တဝါတို့၏ အဆင်းသဏ္ဍာန်ဟူမူကား

သတ္တဝါကဲ့သို့ပုံပေါ််သော၊ သတ္တဝါနှင့်တူသော အကောင်လေးကောင်ရှိသည်။

ထိုသတ္တဝါတို့၏ အဆင်းသဏ္ဍာန်ဟူမူကား

သတ္တဝါတို့၏ အသွင်သဏ္ဍန်ကို ဖော်ပြခြင်းဖြစ်သည်။

လူ၏ပုံသဏ္ဍန်ကိုဆောင်၍

ထိုသတ္တဝါများ၏ပုံသဏ္ဍန်သည် လူကဲ့သို့ဖြစ်သည်။

မျက်နှာလေးခုစီ၊ အတောင်လည်း လေးခုစီ ရှိကြ၏။

သတ္တဝါတစ်ပါးချင်းစီတွင် ရှိသော မျက်နှာ အရေအတွက်နှင့်တောင်ပံ အရေအတွက်ဖြစ်သည်။ ခန္ဓာကိုဘ်အရှေ့ဘက်တွင် မျက်နှာတစ်ခု၊ နောက်ကျောဘက်တွင် တစ်ခု၊ ဘေးတစ်ဖက်စီတွင် မျက်နှာတစ်ခုစီ (မျက်နှာလေးခု) ရှိကြောင်းဖော်ပြထားသည်။