my_tn/ezk/01/01.md

4.9 KiB

သက္ကရာဇ်သုံးဆယ်

ယေဇကျေလ အသက် ၃၀ ပြည့်သောအချိန်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-ordinal)

စတုတ္ထလငါးရက်နေ့

ဟေဗြဲပြက္ခဒိန်၏ လေးလမြောက်ကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းလ၏ ၅ ရက်နေ့သည် အနောက်တိုင်းပြက္ခဒိန်အရ ဇွန်လကုန်ပိုင်းဖြစသည်။ (ရှု၊ [[rc:///ta/man/translate/translate-hebrewmonths]] and [[rc:///ta/man/translate/translate-ordinal]])

...ရှိနေစဉ်

အရေးကြီးသောအဖြစ်အပျက်တစ်ခုကို ဖော်ပြလိုသဖြင့်၊ မည်သို့ဖြစ်ပျက်သည်ကို‌ ‌ဖော်ပြသောစကားစုဖြစ်သည်။ မိမိ၏ဘာသာစကားဖြင့် အသုံးပြုနိုင်မည်ဆိုလျှင် ပြန်ဆိုပြီး ရေးသားနိုင်ပါသည်။

ငါသည်သိမ်းသွားသောသူတို့တွင်ရှိနေစဉ်

'ငါ' ဟုဆိုရာ၌ 'ယေဇကျေလ' ကို ရည်ညွှန်းပြီး သူကိုယ်တိုင်လည်း သိမ်းသွားခြင်းထဲတွင် ပါဝင်သူတစ်ယောက်ဖြစ်ကြောင်း‌ဖော်ပြသည်။

ထာဝရဘုရား၏ ဗျာဒိတ်တော် ရူပါရုံတို့ကို မြင်ရ၏

ထာဝရဘုရားသည် သာမာန်အားဖြင့် မဖြစ်နိုင်ဟု ယူဆရသော အရာများကို ကျွန်ုပ်တို့အား ဖွင့်ပြလေ၏။

ယေခါနိမင်းကြီးနန်ကျ ပဥ္စမနှစ်

ယေဇကျေလ ကျမ်းတွင် သူ၏ ပရောဖက်ပြုချိန်ကို ဖော်ပြရာတွင် ဗာဗုန်လုန်တို့က ရေခါနိမင်းကြီးကို ယေရုရှလင်မြို့မှ နန်းချသော အချိန်ကို အခြေခံလေ့ရှိသည်။

ယေဇကျေလ အမည်ရှိငါ့ဆီသို့...ငါ့အပေါ်မှတင်လျက်

ယေဇကျေလသည် သူ၏နာမည်ကို မြွက်ဆိုပြီးသူ့အပေါ်ဖြစ်ပျက်သောအရာများကို ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ 'ငါယေဇကျေလ...ငါ့အပေါ်တွင်'။ (ရှု: rc://*/ta/man/translate/figs-pronouns)

ထာဝရဘုရား၏နှုတ်ကပတ်တော််သည် တန်ခိုးတော်နှင့်အတူယေဇကျေလဆီသို့ ရောက်၍

ထာဝရဘုရားသည် ယေဇကျေလကို ပြင်းပြစွာစကားပြောသည်။

ဗုဇိ

အမျိုးသားတစ်ယောက်အမည် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ခေဗာမြစ်

ခါလဒဲဒေသခံများက သူတို့၏ ဥယျာဉ်ခြံမြေများအတွက် ရေရှိရေးအောင် တူဖော်ထားသောတူးမြောင်း။ ခေဗာမြစ်။

ထာဝရဘုရား၏လက်တောသည်ငါ့အပေါ်မှာတင်လျက်ရှိ၏

'လက်' ဟုဆိုရာ၌ တစ်စုံတစ်ယောက်၏ တန်ခိုး သို့မဟုတ် လှုပ်ရှားမှုကို ရည်ညွှန်းသည်။ လူတစ်ယောက်သည် သူ၏ လက်အား အခြားတစ်ယောက်အပေါ်သို့ တင်ခြင်းသည် လက်တင်ခံရသူအပေါ် အခွင့်အာဏာရှိကြောင်း ဖော်ပြသည်။ အခြားသောဘသာပြန်ဆိုချက်။ 'ထာဝရဘုရားသည် ငါ့ကို ထိန်းချုပ်သည်။' (ရှု: rc://*/ta/man/translate/figs-metonymy)

ထာဝရဘုရား

ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏ အမည်နာမကို ဖော်ပြခြင်းဖြစ်သည်။