my_tn/exo/37/07.md

2.1 KiB

ယေဘုယျအချက်အလက်

ဗေဇလေလ၏ အလုပ်အဖွဲ့သားများသည် တဲတော် နှင့် ပရိဘောဂပစ္စည်းများကို ဆက်လက်ဆောက်လုပ်နေသည်။

ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍ သေတ္တာဖုံးကို ရှုလျက်၊

ဗေဇလေလထုလုပ်သော ခေရုဗိမ်ရုပ်ထုကို တကယ့်အစစ်အမှန်ခေရုဗိမ်များက မျက်နှာချင်းဆိုင်ရပ်၍ သေတ္တာအဖုံးကို ကြည့်ရှုနေသကဲ့သို့ ဖော်ပြထားသည်။ (ရှု၊ rc://*/ta/man/translate/figs-personification)

ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးလျက် ရှိ၏။

ခေရုဗိမ်အစစ်တို့သည် အတောင်များကို ဖြန့်လျက် ပဋိ ညာဉ်သေတ္တာဖုံးကို တကယ်ဖုံးအုပ်လျက်ရှိသကဲ့သို့ ဗေဇလေလ ထုလုပ်သော ခေရုဗိမ်ရုပ်တုများကိုဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် အတောင်ပံရှိသော သတ္တဝါရုပ်တုနှစ်ခုကို တောင်ပံဖြန့်ကားစေ၍ အတောင်ချင်းထိစပ်စေကာ သေတ္တာပေါ်၌ တင်ထား၏"။ (ရှု၊ rc://*/ta/man/translate/figs-personification)