my_tn/exo/30/34.md

2.9 KiB

ယေဘုယျအချက်အလက်

"မောရှေအားမိန့်မည်သို့ပြုတော်မူသည်ကိုမိန့်တော်မူသည်ကား" ဟုဆိုသောကြောင့် နံ့သာပေါင်းမည်သို့ဖော်စပ်ရမည်ကို ထာဝရဘုရားသည်မောရှေအားသာဆက်လက်အမိန့်ပေးညွှန်ကြားနေကြောင်းသိသာထင်ရှားလှသသည်။ မောရှေအားထိုသို့ညွှန်ကြားနေသော်လည်း မောရှေကိုယ်တိုင် နံ့သာပေါင်းဖော်စပ်ရမည်မဟုတ်ဘဲ "ဆေးသမားအတတ်နှင့် ဆေးဖော်တတ်သူ" သာ ပါဝင်ပစ္စည်းများကို ညွှန်းကြားထားသည့်အတိုင်းလိုသလို ရောနှောဖော်စပ်ရသည်။ ပြီးမှမောရှေအားပေးကာ မောရှေသည် ထိုနံ့သာအချို့ကိုယူ၍ ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ထားရသည်။

နတပ်စေး၊ မွှေးသော ငါးခွံ၊ ဂါလဗန်စေး၊

ဤအရာများသည် အမွှေးနံ့သာများဖြစ်ကြသည်။ (ရှု၊ rc://*/ta/man/translate/translate-unknown)

ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူ

ဤဟာကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နံ့သာစပ်သမားသည် အမွှေးနံ့သာများကို ဖော်စပ်သည်နည်းတူ" သို့မဟုတ် "နံ့သာစပ်သမားသည် ထိုအရာများကိုရောစပ်၍ နံ့သာဖော်စပ်ရမည်"။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဆေးသမားအတတ်

"အမွှေးနံ့သာဖော်စပ်သောအတတ်"။ အခြားဖြစ်နိုင်ခြေရှိသောအဓိပ္ပာယ်များမှာ (၁) "မောရှေတွင် အမွှေးနံ့သာဖော်စပ်သူရှိသည်" သို့မဟုတ် (၂) မောရှေကိုယ်တိုင် အမွှေးနံ့သာဖော်စပ်ရသည်"။

ညက်ညက်ထောင်းပြီး

ကျေညက်စွာ ထုထောင်းပြီး