my_tn/exo/28/33.md

2.4 KiB

ယေဘုယျအချက်အလက်

ထာဝရဘုရားသည် ဣသရေလလူတို့ ပြုရမည့်အရာများကို မောရှေအား ဆက်လက်ပြောပြသည်။

သလဲသီး

သလည်းသီးသည် အခွံနီ၍ လုံးဝန်းသောသဏ္ဌာန်ရှိသည်။ (ရှု၊ rc://*/ta/man/translate/translate-unknown)

သလဲသီးတလုံး၊ ရွှေဆည်းလည်းတလုံးစီခြားလျက်

ဝတ်လုံပေါ်၌မည်ကဲ့သို့ပုံဖော်ရမည့်အကြောင်းကို ထပ်ကြော့ရှင်းပြခြင်းဖြစ်သည်။

အာရုန်သည် အမှုတော်ကို ဆောင်၍

ဤဟာကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရုန်သည် အမှုတော်ကို ဆောင်နေစဉ်တွင် ဝတ်လုံကို ဝတ်ရမည်"။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

သူ၏ အသံကို ကြားရမည်။

ဤဟာကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆည်းလည်းသံများကို ကြားနိုင်ရမည်အကြောင်း" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သေဘေးနှင့် ကင်းလွတ်မည်အကြောင်း

အာရုန်သည်ထာဝရဘုရား၏စကားကိုနားမထောင်လျှင် အသန့်ရှင်းဆုံးဌာန၌ဝင်သောအခါ သေဘေးနှင့်ကြုံတွေ့ရမည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏စကားကို နားမထောင်ခြင်း၏ဆိုးကျိုးအဖြစ် သန့်ရှင်းရာဌာနထဲသို့ဝင်သောအခါ သူသည်သေလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)