my_tn/exo/26/34.md

1.1 KiB

ယေဘုယျအချက်အလက်

ထာဝရဘုရားသည် ဣသရေလလူတို့ ပြုရမည့်အရာများကို မောရှေအား ဆက်လက်ပြောပြသည်။

သက်သေခံချက်သေတ္တာအပေါ်မှာ

"ပညတ်တော်များ ပါသော သေတ္တာအပေါ်မှာ"

သေတ္တာအဖုံး

ပဋိညာဉ်သေတ္တာ သို့မဟုတ် သက်သေခံချက် သေတ္တာကိုဖုံးသောအဖုံး၊ ထိုအဖုံးပေါ်၌ အပြစ် ဖြေရာ ယဇ်ကောင်၏ အသွေးကို ဖြန်းရသည်။

မြောက်ဘက်နားမှာ စားပွဲကို ... ထားရမည်

ဘုရားသခင်၏ ရှေ့တော်မှောက်၌ ဆက်သရသောမုန့်များကို ထားရသည့် စားပွဲ။