my_tn/exo/22/01.md

3.6 KiB

ယေဘုယျအချက်အလက်

ဣသရေလလူတို့အတွက် ပညတ်တော်များကို မောရှေအား ထာဝရဘုရား ဆက်ပြောပြသည်။

သူတပါးတွေ့၍

ဤသည်ကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊"တစ်စုံတစ်ယောက်သည် သူခိုးကို တွေ့၍" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ထွင်းဖောက်

"အိမ်ထဲသို့ အတင်းအဓမ္မ ဝင်ရောက်သည်"။

သေအောင်သတ်သော်လည်း

ဤသည်ကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူခိုးကို သေအောင် ရိုက်သတ်သော်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သေအောင်သတ်သော်လည်း၊သေစား မသေစေရ

"သူခိုးကို သတ်သော်လည်းသတ်သောသူ၌ အပြစ်မရှိ"။

နေထွက်လျှင်

"သူခိုးမထွင်းဖောက်မီ မိုးလင်းနေလျှင်" သို့မဟုတ် "နေ့ခင်းဘက်တွင် သူခိုးထွင်းဖောက်လျှင်"

နေထွက်လျှင် သေစားသေစေရမည်။

နေ့ခင်းတွင်အိမ်ထွင်းဖောက်နေသောသူခိုးကိုတွေ့၍သတ်လျှင် သေစားသေစေရမည်။ (ညဘက်တွင်တွေ့၍ သတ်လျှင်မူကား သေစားသေစရာမလို)

ပြန်ပေးစရာအကြောင်းရှိ၏

"ခိုးသည့်အတိုင်း အလျော်ပေးရမည်"။

ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။

ဤသည်ကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည်သူ့ကိုကျွန်အဖြစ်ရောင်း၍ ရသည့်ငွေဖြင့် သူခိုးခဲ့သော ဥစ္စာအတွက် ပြန်လျော်ပေးရမည်"။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

သိုးကို အသက်ရှင်လျှက် အမှန်တွေ့လျှင်

ဤသည်ကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ထိုသူ၏ အိမ်တွင် ခိုးထားသော သိုးကောင်ကို အရှင် တွေ့ပါက" (ရှု၊ rc://*/ta/man/translate/figs-activepassive)

နှစ်ဆပြန်ပေးရမည်။

ခိုးခဲ့သော မည်သည့်တိရစ္ဆာန်အတွက်မဆို တစ်ကောင်အတွက် နှစ်ကောင်ပြန်ပေးဆပ်ရမည်။