my_tn/exo/19/03.md

3.0 KiB

ယာကုပ်အမျိုး၊ ဣသရေလသား

"ဣသရေလသား" ဟူသည် ယာကုပ်အမျိုး၏ အဓိပ္ပာယ်ကို ရှင်းပြနေခြင်းပင်ဖြစ်သည်။

သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍

ဘုရားသခင်သည် ဣသရေလလူတို့ ခရီးသွားရာလမ်းတစ်လျှောက် ဂရုတစိုက် စောင့်ရှောက်ခဲ့သည်။ ထို့အကြောင်းကို ဘုရာသခင်သည် သူ့ကိုယ်သူ ရွှေလင်းတတစ်ကောင်အဖြစ်ခံယူလျက် သူ့အတောင်ပေါ်၌ ဣသရေလလူတို့ကို တင်ဆောင်ကာ သယ်ယူခဲ့သည့်ပုံစံဖြင့် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် "ရွှေလင်းတသည် မိမိသားငယ်ကို အတောင်ပေါ်တင်၍ ချီဆောင်သကဲ့သို့ ငါသည်လည်း သင်တို့ခရီးသွားတွင် ကူညီစောင့်ရှောက်ခဲ့သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်တို့သည် သိမြင်ရကြပြီ။

ဤနေရာ၌ "သင်တို့" သည် ဣသရေလလူတို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ ထာဝရဘုရားသည် ဣသရေလလူတို့အား တဆင့်ပြန်ပြောရမည့်အရာများကို မောရှေအားပြောပြနေခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-you)

ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင်

"ပဋိညာဉ်စာချုပ်၌ ပါသမျှအတိုင်း လိုက်လျှောက်လျှင်"

ငါပိုင်ထိုက်သော ဘဏ္ဍာတော်

"တန်ဖိုးရှိသော ဘဏ္ဍာတော်"

မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး

အခြားသော ဘာသာပြန်ဆိုချက်၊ "နိုင်ငံရှိ လူတိုင်းသည် ယဇ်ပုရောဟိတ်အလား ဖြစ်လာကြသည်" သို့မဟုတ် "ယဇ်ပုရောဟိတ်များကဲ့သို့ အလုပ်လုပ်ကြသူများဖြင့် ပည့်သော တိုင်းပြည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)