my_tn/exo/16/28.md

2.0 KiB

ယေဘုယျအချက်အလက်

ထာဝရဘုရားသည် မောရှေအားဆက်ပြောသည်။

သင်တို့သည် ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြ လိမ့်မည်နည်း

ဘုရားသခင်သည် စကားနားမထောင်သောဣသရေလလူတို့အား ဆူဖို့ရန် ဤမေးခွန်းကို မေးမြန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ငါ့အမိန့် တော်နှင့် ပညတ်တရားတော်များကို နားမထောင်ဘဲ နေသေးသည်တကား" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ထာဝရဘုရားသည် ဥပုသ်နေ့ကို သင်တို့အား ပေးတော်မူပြီ။

ဘုရားသခင်သည် ဥပုသ်နေ့၌ အနားယူရန်သွန်သင်သည်ကို ဥပုသ်နေ့ကိုလက်ဆောင်အဖြစ်ပေးနေသဖွယ် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ ထာဝရဘုရားသည် သင်တို့အား ဥပုသ်နေ့၌အနားယူရန် သွန်သင်ခဲ့ပြီ"။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ခြောက်ရက်မြောက်သောနေ့ ... နှစ်ရက် ... ခုနှစ်ရက်မြောက်သောနေ့

" ၆ ရက်မြောက်သောနေ့ ... ၂ ရက် ... ၇ နှစ်ရက် မြောက်သောနေ့ " (ရှု၊ rc://*/ta/man/translate/translate-numbers)