my_tn/exo/14/10.md

3.5 KiB

ဖာရောဘုရင်သည် ချဉ်းလာသောအခါ

ဤနေရာ၌ "ဖာရောဘုရင်" သည် အဲဂုတ္တုစစ်သားအား လုံးကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက် "ဖာရောဘုရင်နှင့် သူ၏ စစ်သားများ ချဉ်းလာသောအခါ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

အလွန်ကြောက်လန့်၍

"ဣသရေလလူတို့သည် ထိတ်လန့်၍"

အဲဂုတ္တုပြည်၌ သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှာ ငါတို့ကို ဆောင်ခဲ့သလော

ဣသရေလလူများ သေခြင်းတရားကို အင်မတန်ကြောက်ရွံ့သောကြောင့် မောရှေအား မေးသောအဖြေမဲ့ မေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် "ငါတို့ကို မြှုပ်နှံဖို့ရန် အဲဂုတ္တုပြည်၌ သင်္ချိုင်းမြေများစွာရှိ၏။ သင်သည် သေစေဖို့ ငါတို့ကို ဤကန္တရတော၌ ခေါ်လာစရာမလို" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အဲဂုတ္တုပြည်၌ ငါတို့ပြောရာတွင်၊ ဤအမှုကို ရည်ဆောင်၍ ပြောသည်မဟုတ်လော

ပြောခဲ့သည့်အရာများကို ပြန်လည်လေးနက် စေလိုသောကြောင့် မောရှေအား ပြန်ထုတ်သော အဖြေမဲ့ မေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် "အဲဂုတ္တုပြည်၌ရှိစဉ် ငါတို့ပြောခဲ့သည့်အတိုင်း တသဝေ မသိမ်းဖြစ်လာပြီ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါတို့သည် အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံနေလျက် ရှိကြပါစေဟု အဲဂုတ္တုပြည်၌ ငါတို့ပြောရာတွင်

အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့သည် အေးဆေးနေမည်အကြောင်းနှင့် အဲဂုတ္တုပြည်သားတို့အတွက် အလုပ်လုပ်မည်အကြောင်း ပြောခဲ့စဉ်" (ရှု၊ rc://*/ta/man/translate/figs-quotations)

အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။

အခြားသော ဘာသာပြန်ဆိုချက်'' ငါတို့ကိုဤသို့ပြု၍၊ အဲဂုတ္တုပြည်မှအဘယ်‌ေ့ကြောင့်ဆောင့်ခဲသနည်း'' ဟုမောရှေကိုပြောခြင်းဖြစ်သည်။