my_tn/exo/04/10.md

3.6 KiB

နှုတ်သတ္တိမရှိပါ

"အပြောကောင်းသူ မဟုတ်ပါ"။

နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သော သူဖြစ်ပါ၏။

"နှုတ်လေးသောသူ" နှင့် "စကားနှေးနှေးပြောတတ်သောသူ" သည်အခြေခံအားဖြင့် အဓိပ္ပာယ်အတူတူပင်ဖြစ်သည်။ မောရှေက သူသည်အပြောကောင်းသူမဟုတ် ကြောင်းလေးနက်စေချင်၍ ဤသို့အသုံးပြုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)

လူ၏နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း။

ဘုရားသခင်သည်ဤမေးခွန်းကိုအသုံးပြုရခြင်းမှာ သူသည်ဖန်ဆင်းရှင်ဖြစ်ကြောင်းနှင့် လူကိုစကားပြောစေနိုင်သောအစွမ်းသူ့မှာရှိကြောင်းလေးနက်စေချင်၍ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါထာဝရဘုရားသည် လူ၏ပါးစပ်ကိုဖန်ဆင်း၍ လူကိုစကားပြောစေနိုင်သောသူဖြစ်သည်"။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။

ဤမေးခွန်းကိုမေးရခြင်းမှာ ဘုရားသခင်သည် လူတွေ မြင်နိုင်၊ ကြားနိုင်၊ စကားပြောနိုင်အောင် ဆုံးဖြတ်ပေးသူဖြစ်ကြောင်း လေးနက်စေချင်၍ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ငါယေဟောဝါဘုရားသည် လူတွေ စကားပြောနိုင်အောင်၊ စကားအ အောင်၊ နားကြားနိုင်အောင်၊ နားပင်းအောင်၊ မျက်စိမြင်နိုင်အောင်၊ မျက်စိကန်းအောင် ဖန်းဆင်းသောသူ ဖြစ်၏"။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါထာဝရဘုရား မဟုတ် လော

"ငါထာဝရဘုရား သို့မဟုတ် ငါယေဟောဝါဘုရားသည် ဤအရာများဖြစ်ရန်၊ မဖြစ်ရန် ဆုံးဖြတ်သောသူဖြစ်၏။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင်၏ နှုတ်၌ ငါရှိ၍

"နှုတ်" သည် စကားပြောနိုင်စွမ်းကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သင့်အားစကားပြောနိုင်စွမ်းကိုပေးမည်"။ (ရှု၊ rc://*/ta/man/translate/figs-metonymy)