my_tn/exo/03/16.md

3.2 KiB

ယေဘုယျအချက်အလက်

ဘုရားသခင်သည် မောရှေအား ဆက်ပြောသည်ကား

သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည်

အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့သည် မောရှေ၏ ဘိုးဘေးများဖြစ်သည်။ ထိုသုံးဦးသည် ဘုရားတစ်ဆူတည်းကိုသာ ကိုးကွယ်ခဲ့ကြသည်။

သင်တို့ကို ငါအကြည့်အရှုလာ၍

"သင်တို့" သည် ဣသရေလလူတို့ကို ရည်ညွှန်းသည်။

နို့နှင့်ပျားရည်စီးတတ်သော ပြည်

သစ်ပင် နှင့် တိရစ္ဆာန်အတွက်ကောင်းမွန်သောပြည်ကို နို့ နှင့် ပျားရည်တကယ်ချောင်းစီးသောပြည်ကဲ့သို့ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " တိရစ္ဆာန်မွေးမြူရန် နှင့် ကောက်ပဲသီးနှံစိုက်ပျိုးရန် မြေဆီဩဇာအလွန်ကောင်းသောပြည်"။ (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-metonymy]])

စီးတတ်သော

"ပြည့်နက်သော" "ကြွယ်ဝသော"

နို့

နို့ကို ဆိတ်၊ နွားတို့မှ ရရှိသည်။ "နို့" သည် အိမ်မွေးတိရစ္ဆာန်မှထွက်သောအစားစာများကိုကိုယ်စားပြုသည်။အခြားသောဘာသာပြန်ဆိုချက်၊ "အိမ်မွေးတိရစ္ဆာန်မှ ရရှိသော စားသေက်ကုန်များ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ပျားရည်

ပျားရည်ကို ပန်းများမှ ရရှိသည်။ "ပျားရည်" သည် ကောက်ပဲသီးနှံများကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောက်ပဲသီးနှံမှ ရရှိသော စားသောက်ကုန်များ"။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူတို့သည် သင်၏စကားကိုနားထောင်၍

"သင်" သည် မောရှေကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အသက်ကြီးသူတို့သည် သင့်စကားကို နားထောင်၍"