my_tn/exo/03/13.md

1.9 KiB

ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟု မောရှေ အားမိန့်တော်မူ၏။

မောရှေသည်ဘုရားသခင်၏ နာမည်တော်ကိုမေးသောကြောင့် မောရှေအားပြန်ဖြေသောစကားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် "ငါ၏ နာမည်သည် "ငါဖြစ်သည်အတိုင်း ငါဖြစ်၏" ဟုမောရှေအားမိန့်တော်မူ၏" ဟူ၍ ပို၍ပြည့်စုံစွာ ပြန်ဆိုနိုင်သည်။

ငါဖြစ်သည်အတိုင်း ငါဖြစ်၏

ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ (၁) ဝါကျတစ်ခုလုံးသည် ဘုရာသခင်၏နာမည်ဖြစ်သည်၊ သို့မဟုတ် (၂) ဘုရားသခင်သည်သူ၏အမည်နာမကိုပြောပြနေခြင်းမဟုတ်ဘဲ သူ့အကြောင်းတစ်စုံတစ်ရာ ပြေပြနေခြင်းဖြစ်သည်။ ဤသို့ပြောခြင်းအားဖြင့် ဘုရားသခင်က သူသည် ထာဝရ အသက်ရှင်သောဘုရားဖြစ်ကြောင်းကျွန်ုပ်တို့အားသွန်သင်နေသည်။

ငါဖြစ်သည်

ငါဖြစ်သည် နေရာ၌ "ငါ အသက်ရှင်သည်" "ငါတည်ရှိသည်" ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။