my_tn/eph/01/03.md

3.7 KiB

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုက ယုံကြည်သူများ၏ အခြေအနေနှင့် ဘုရားသခင်၏ ရှေ့တော်၌ သူတို့၏ လုံခြုံမှုအကြောင်း ပြောခြင်းဖြင့် သူ၏ စာကို အစပြုသည်။

ယေဘုယျအချက်အလက်

ဤစာစောင်တွင် "ကျွန်ုပ်တို့ကို" နှင့် "ကျွန်ုပ်တို့သည်" ဟူသော စကားလုံးများကို အခြားနည်းလမ်းဖြင့်ဖော်ပြခြင်းမရှိပါက ရှင်ပေါလုအား၎င်း၊ ဧဖက်မြို့ရှိ ယုံကြည်သူများနှင့်တကွ ယုံကြည်သူများအားလုံးကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-inclusive)

သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက်

ရှင်ပေါလုက ကိုယ့်ကျင့်တရား ကောင်းမွန်ခြင်းအား ဇောင်းပေးရန် တူညီသော စကားလုံး ၂ ခုကို အသုံးပြုသည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)

ခရစ်တော်၌

"ခရစ်တော်၌" နှင့် အလားတူသော ဖော်ပြခြင်းများသည် ဓမ္မသစ်ကျမ်းစာစောင်များတွင် မကြာခဏ တွေ့ရသော တင်စားမှုများဖြစ်သည်။ ထိုတင်စားမှုများက ခရစ်တော် နှင့် သူ့ကို ယုံကြည်သူများ အကြား၌ ဖြစ်နိုင်ချေရှိသော အခိုင်မြဲဆုံး ဆက်နွယ်မှု ပုံစံအား ဖော်ကျူးသည်။

ကောင်းကင်ဘုံနှင့်ဆိုင်သောနေရာများ

"ဝိညာဉ်လောက။" ဘုရားသခင်နှင့် ဝိညာဏ ပုဂ္ဂိုလ်များ ရှိသော နေရာအား ရည်ညွှန်းသည်။

ခပ်သိမ်းသော ဓမ္မမင်္ဂလာ

ခပ်သိမ်းသော ကောင်းကြီးမင်္ဂလာအဖြာဖြာသည် ဘုရားသခင် ထံမှ လာသည်။

ငါတို့အားပေးသနားတော်မူသော

အကြောင်းမူကား၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကောင်းကြီးပေးတော်မူပြီ။

ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်အား အတူတကွ ချီးမွမ်းထောပနာ ပြုကြပါစို့" (ရှု ၊ rc://*/ta/man/translate/figs-activepassive)