my_tn/eph/01/01.md

2.7 KiB

ဆက်စပ်မှုဖော်ပြချက်

ဧဖက်မြို့ အသင်းတော်ရှိ ယုံကြည်သူများထံ ရေးသော ဤစာတွင် ရှင်ပေါလုက သူ့ကိုယ်သူ စာရေးသူအနေဖြင့်ဖော်ပြထားသည်။

ယေဘုယျ အချက်အလက်

မှတ်ချက်ဖော်ပြထားသောနေရာမှလွဲ၍၊ "သင်" နှင့် "သင်တို့" စကားလုံးများသည် ဧဖက်မြို့ရှိ ယုံကြည်သူများ နှင့် တကွ ယုံကြည်သူအားလုံးကို ရည်ညွှန်းပြီး၊ အများကိန်းဖြစ်သည်။ (ရှု− rc://*/ta/man/translate/figs-you)

တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့၌ နေသော သန့်ရှင်းသူများထံသို့

အခြားသော ဘာသာပြန်ဆိုချက်၊ "တမန်တော်ဖြစ်သော အကျွန်ုပ် ပေါလုသည် ဧဖက်မြို့ရှိ ဘုရားသခင်၏ သန့်ရှင်းသူများ ထံသို့ စာရေးလိုက်ပါသည်။"

ယေရှုခရစ်ကို ယုံကြည်သောသူတို့

"ယေရှုခရစ်၌" နှင့် အလားတူသော ဖော်ပြခြင်းများသည် ဓမ္မသစ်ကျမ်း စာစောင်များထဲ၌ မကြာခဏ တွေ့ရသော တင်စားမှုများ ဖြစ်သည်။ ထိုတင်စားမှုများက ခရစ်တော် နှင့် သူ့ကို ယုံကြည်သူများ အကြား၌ ဖြစ်နိုင်ချေရှိသော အခိုင်မြဲဆုံး ဆက်နွယ်မှုပုံစံအား ဖော်ပြသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။

ရှင်ပေါလုက သူ၏ စာများတွင် မကြာခဏ အသုံးပြုသော သာမန် ကောင်းကြီးပေးခြင်းဖြင့် နှုတ်ဆက်ခြင်း ပုံစံဖြစ်သည်။