my_tn/ecc/07/23.md

2.3 KiB

ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရား အားဖြင့် စုံစမ်းပြီ

ငါစုံစမ်းပြီးသောအရာများကိုရေးသားခဲ့ပြီးပြီဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ပညာနှင့်ငါပြည့်စုံမည်ဟုဆိုသော် လည်း၊ ပညာသည် ငါနှင့်ဝေး၏

ငါ နားလည်မှုထက်ကျော်လွန်သောအရာ ဖြစ်သည်။

ဝေးသောအရာ၊ အလွန်နက်နဲသောအရာကို

ဤအရာသည် ဝေးသောအရာ၊ အလွန်နက်နဲသောဒေသ ကဲ့သို့နားလည်စေရန် ခက်ခဲသော ပညာကိုပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "နားလည်ရန်ခက်ခဲသည်"။ (ရှု၊ rc://*/ta/man/translate/figs-idiom)

အဘယ်သူရှာ၍ တွေ့နိုင်သနည်း။

စာရေးသူက ပညာကိုနားလည်ရန်ခက်ခဲကြောင်းကိုအထူးပြုစေရန် ဤအလင်္ကာမြောက်သောမေးခွန်းကိုအသုံးပြုထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "မည်သူတစ်ယောက်မှ ထိုအရာကိုနားမလည်နိုင်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။

ဤတွင် "စိတ်နှလုံး" ဟူသော စကားလုံးသည် စိတ်ကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ငါ့အတွေးများကို စီမံသည်။" (သို့ ) "ဆုံးဖြတ်သည်။" (ရှု - rc://*/ta/man/translate/figs-metonymy)