my_tn/dan/10/16.md

2.5 KiB

ထိုအခါ လူသား၏ သဏ္ဌာန်ရှိသော သူတဦး သည်

ဒံယေလအား စကားပြောနေသူကို ရည်ညွှန်းသည်။ အဘယ်သို့ဖြစ်စေကာမူ အခြားကျမ်းစာဘာသာပြန်ဆိုသော စာအုပ်များမှာ အခြားသူဖြစ်သည်ဟုဖော်ပြသည်။ အခြားဘာသာပြန်ဆိုချက် "ဤတစ်ယောက်သည်၊ လူသားကဲ့သို့ဖြစ်သည်။"

လူသား၏ သဏ္ဌာန်ရှိသော သူတဦး

ယေဘုယျအားဖြင့် လူသားများကိုဖော်ပြလိုခြင်းဖြစ်သည်။ အခြားဘာသာပြန်ဆိုချက်" လူသားကဲ့သို့ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-idiom)

ပြင်းစွာသော ဝေဒနာကို

ပြင်းထန်သောဝေဒနာခံစားခြင်း

ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့ စကားပြောနိုင်ပါအံ့နည်း။

ဒံယေလသည် ကောင်းကင်တမန်ကိုစကားပြောလိုသော်လည်း သူသည် ကောင်းကင်တမန်နှင့် မတူသောကြောင့် ဤမေးခွန်းကို မေးခြင်းဖြစ်သည်။ အခြားဘာသာပြန်ဆိုချက် "အကျွန်ုပ်သည် ကိုယ်တော်၏အစေခံဖြစ်သောကြောင့် အဖြေကိုမပေးနိုင်ပါ။"(ရှု၊ rc://*/ta/man/translate/figs-rquestion)

အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု

အသက်ရှုခြင်းကို တင်စားခြင်းဖြစ်သည်။ အခြားဘာသာပြန်ဆိုချက် "အသက်မရှုနိုင်ဖြစ်သည်" သို့မဟုတ် "၎င်းသည် အသက်ရှုဖို့အလွန်ပင်ခက်ခဲ့သည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy).