my_tn/dan/10/12.md

1.6 KiB

သင်သည် နားလည်ခြင်းငှါ၎င်း၊

"ရှုပါရုံကို နားလည်ရန် သင်ဆုံးဖြတ်ခဲ့သည်။"

သင်၏ စကားကိုကြားတော်မူပြီ။

အခြားဘာသာပြန်ဆိုချက်" သင့်အသံကို ထာ၀ရဘုရားသခင်ကြားတော်မူသည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

အစိုးရသောမင်း

လူသားများအပေါ်အာဏာရှိသော ၀ိညာဉ်ဖြစ်သည်။ အခြားဘာသာပြန်ဆိုချက်"ပေရသိနိုင်ငံကို အစိုးရသော၀ိညာဉ်မင်း"

ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊

ပေရသိအင်ပါယာထဲရှိ နိုင်ငံများကိုအုပ်ချုပ်သော ပေရသိရှင်ဘုရင်အား နာခံရန်လိုသော ဘုရင်အမျိုးမျိုးကို ရည်ညွှန်းသည်။

မင်းစုထဲက မိက္ခေလသည်

"မိက္ခေလသည် ကောင်းကင်တမန်မင်းဖြစ်သည်။" သို့မဟုတ် "မိက္ခေလသည် ကောင်းကင်တမန်မင်းကြီးဖြစ်သည်။"