my_tn/amo/06/09.md

2.7 KiB

ပေါက်ဘော်တော်၍ မီးဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ်ထဲကအသေကောင်ကိုထုတ်၍ ချီသွား သောအခါ၊ အိမ်အတွင်းတွင်ရှိသော သူကိုခေါ်၍၊ သင်၌ တစုံတယောက်ကျန်ကြွင်းသေးသလောဟု မေးသော်

ဆိုလိုရင်းအဓိပ္ပာယ်မှာ ရှင်းရှင်းလင်းလင်း မရှိပါ။ ဖြစ်နိုင်ချေများမှာ (၁) ပေါက်ဘော် (ဆွေမျိုးနီးစပ်သူ) ဆိုသူမှာ အလောင်းများအား လာရောက်ကောက်ယူ မီးသင်္ဂြိုဟ်ပေးသူမှ ပေါက်ဘော်တော် (ဆွေမျိုး)သူအား အိမ်သူ၊အိမ်သား ၁၀ယောက်ဆုံးပါးသွားပြီးနောက် "သင်၌ မီးသင်္ဂြိုဟ်ရန် တစုံတယောက် ကျန်ကြွင်းသေးသလောဟု" အမေးခံရသော ကျန်ရစ်သူအား ရည်ညွှန်းသည်။ (၂) ပေါက်ဘော်တော်ဆိုသူမှာ အလောင်းများအား လာရောက်ကောက်ယူသူဖြစ်ပြီး၊ မီးသင်္ဂြိုဟ်ပေးသူမှာ အခြားတစ်ယောက်ဖြစ်ကာ၊ ထိုသူနှစ်ဦး၏ အပြန်အလှန် စကားပြောနေခြင်းဖြစ်သည်။ "ပေါက်ဘော်တော်သူ (ဆွေမျိုး ) မှ အလောင်းများအား မီးသင်္ဂြိုဟ်ပေးသူနှင့်အတူ လာရောက်ကောက်ယူ၍ အိမ်ပြင်သို့ သယ်ထုတ်စဉ် ပေါက်ဘော်တော် (ဆွေမျိုးနီးစပ်သူ) မှ "သင်၌ မီးသင်္ဂြိုဟ်ရန် တစုံတယောက် ကျန်ကြွင်းသေးသလောဟု" မီးသင်္ဂြိုဟ်ပေးသူအား မေးမြန်းခြင်းဖြစ်သည်။

မီးဖြင့် သင်္ဂြိုဟ်

လူသေအလောင်းများအား မီးဖြင့်ရှို့ခြင်း။

အသေကောင်

သေဆုံးသူ၏ အလောင်း