my_tn/act/26/06.md

4.4 KiB

ယေဘုယျ အချက်အလက်

"သင်တို့" ဟူရာတွင် ပေါလုစကားကို နားထောင်သူများကို ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-you)

ယခုတွင်

ပေါလုက မိမိ၏ အတိတ်နှင့် လက်ရှိဘဝကို ယှဉ်တွဲပြသထားသည်။

အကျွန်ုပ်သည် . . . စစ်ကြောစီရင်ခြင်းကို ခံရပါ၏

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်ကို ... စစ်ကြောစီရင်ကြပါပြီ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကို ထောက်၍ မြော်လင့်ခြင်းတရား အကြောင်းကြောင့်

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ဘိုးဘေးတို့အား ပေးတော်မူသော ကတိတော်ကို မျှော်လင့်ကြီးစွာ စောင့်ဆိုင်းနေမိသောကြောင့်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ယုဒလူ တဆယ်နှစ်မျိုးတို့သည် . . . ထိုဂတိတော်အတိုင်း ခံရမည်ဟု မြော်လင့်ခြင်းရှိကြ၏

"တဆယ်နှစ်မျိုး" ဟူရာတွင် ထိုအမျိုး၌ ပါဝင်သောသူများကိုလည်း ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တဆယ့်နှစ်မျိုးသော ယုဒလူတို့ကလည်း ... ထိုကတိတော်ကို မျှော်လင့်စောင့်စားကြ၏" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထိုဂတိတော် . . . ခံရမည်ဟု မြော်လင့်ခြင်းရှိကြ၏

ကတိတော်ကို လက်ခံ၍ရသော ပစ္စည်းကဲ့သို့ ဆိုထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

နေ့ညဉ့်မပြတ် ကြိုးစား၍ ဘုရားဝတ် ပြုသဖြင့်

"အဆက်မပြတ် ကြိုးစား၍ ဘုရားဝတ်ကိုပြု" ကြောင်း ဖော်ပြရန် "နေ့" နှင့် "ညည့်" ဟူသော ဆန့်ကျင်ဖက် စကားလုံး နှစ်ခုကို တွဲသုံးထားသည်။ (ရှု၊ rc://*/ta/man/translate/figs-merism)

ယုဒလူတို့သည်

အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒခေါင်းဆောင်တို့သည်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

သေလွန်သောသူတို့ကို ဘုရားသခင် ထမြောက်စေတော်မူမည် ဟူသောအယူကို မယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း

ရောက်လာကြသော ယုဒလူတို့ကို ရည်ညွှန်းသည်။ ဘုရားသခင်က သေသူကို ထမြောက်စေနိုင်ကြောင်း ယုံကြည်သော်လည်း သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်ကြပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "သေသူကို ဘုရားသခင် ထမြောက်စေခြင်းအမှု၌ သင်တို့သည် အဘယ်ကြောင့် လက်မခံနိုင် ဖြစ်ရသနည်း" (ရှု၊ rc://*/ta/man/translate/figs-rquestion)