my_tn/act/18/22.md

2.3 KiB

ဆက်စပ်မှု ဖော်ပြချက်

ပေါလု၏ ဧဝံဂေလိခရီးစဉ်ကို ဆက်ထားသည်။

ယေဘုယျ အချက်အလက်

ဖြူဂိမှာ မျက်မှောက်ခေတ် တူရကီနိုင်ငံတွင် ရှိသော အာရှငယ်၏ ပြည်နယ်တခု ဖြစ်သည်။ ၂:၈ မှ ပြန်ဆိုချက်ကို ရှု။

ကဲသရိမြို့သို့ရောက်လျှင်

"ကဲသရိမြို့သို့ ဆိုက်လျှင်။" သင်္ဘောဖြင့် ခရီးလွှင့်ကြောင်း ထင်ရှားစေသည်။

ယေရုရှလင်မြို့သို့ တက်၍

ယေရုရှလင်မြို့မှာ ကဲသရိမြို့ထက် မြေနေရာ မြင့်သဖြင့် "တက်" ဟု သုံးနှုန်းထားသည်။

အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ

"အသင်းတော်" ဟူရာတွင် ယေရုရှလင်မြို့ ယုံကြည်သူများကို ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုံကြည်သူများနှင့် တွေ့ဆုံပြီးမှ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သွားပြန်၏

အန္တိအုတ်မြို့မှာ ယေရုရှင်လင်မြို့ထက် မြေနေရာနိမ့်သဖြင့် "ဆင်း" ဟု သုံးနှုန်းနိုင်သည်။

ထွက်ပြန်၍

"ပေါလု ထွက်သွား၍" သို့မဟုတ် "ပေါလုသည် ထွက်၍"

ထိုမြို့၌ အတန်အရာ နေပြီးလျှင်

အခြားသောဘာသာပြန်ဆိုချက်၊ "ထိုမြို့၌ အတန်ကြာ နေပြီးလျှင်" (ရှု၊ rc://*/ta/man/translate/figs-metaphor)