my_tn/act/18/09.md

2.4 KiB

သင်သည်မကြောက်နှင့်။ တိတ်ဆိတ်စွာမနေနှင့်။ ဟောပြောလော့

ဆက်၍ တရားဟောရန် ဘုရားသခင်က ပေါလုထံ နည်းလမ်းနှစ်မျိုးဖြင့် အမိန့်တခု ပေးတော်မူသည်။ အခြားသော ဘာသာပြန်ဆိုချက်၊"ကြောက်ရွံ့ခြင်းမရှိ၊ တိတ်ဆိတ် ခြင်းမပြုဘဲ ဟောပြောလော့" (ရှု၊ rc://*/ta/man/translate/figs-parallelism|Parallelism)

တိတ်ဆိတ်စွာမနေနှင့်။ ဟောပြောလော့

ဆက်၍ တရားဟောရန် ဘုရားသခင်က ပေါလုထံ နည်းလမ်းနှစ်မျိုးဖြင့် ပြင်းထန်သောအမိန့်တခု ပေးတော်မူသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စဉ်ဆက် ဟောပြောလော့" (ရှု၊ rc://*/ta/man/translate/figs-doublet|Doublet)

တိတ်ဆိတ်စွာမနေနှင့်

ငြိမ်မနေရန် ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သိတင်းတရားဝေငှရန် ငြိမ်မနေနှင့်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဤမြို့၌ ငါ၏လူ အများရှိကြသည်

"ဤမြို့၌ ငါ့ကို ယုံကြည်သောသူ များစွာရှိကြ၏" သို့မဟုတ် "ဤမြို့၌ များစွာသောသူတို့သည် ငါ့ကို ယုံကြည်ကြ၏"

ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ဟောပြောသွန်သင်၍ . . . နေလေ၏

ဇာတ်ကြောင်း၏ တပိုင်းတခုကို နိဂုံးချုပ်သော စာကြောင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/writing-endofstory)