my_tn/act/17/26.md

3.4 KiB

ယေဘုယျ အချက်အလက်

ဖန်ဆင်းရှင် တပါးတည်းသော ဘုရားသခင်အကြောင်း ဆက်လက် ဖော်ပြထားသည်။

ယေဘုယျ အချက်အလက်

"သူတို့" ဟူရာတွင် လောကတွင် နေထိုင်သော လူသားတို့ကို ညွှန်းသည်။

ယေဘုယျ အချက်အလက်

"ငါတို့" ဟူရာတွင် ပေါလု ကိုယ်တိုင်မှစ၍ ပရိသတ်နှင့် လူမျိုးတိုင်းကို ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-inclusive|Inclusive "We")

တသွေးတည်းနှင့်

ဘုရားသခင် ဖန်ဆင်းတော်မူသော ပထမလူ အာဒံကို ဆိုလိုသည်။ ဧဝကိုလည်း ထည့်သွင်း ဖော်ပြနိုင်သည်။ အာဒံနှင့်ဧဝဟူသော တကိုယ်တည်းအားဖြင့် လူသားတို့ကို ဘုရားသခင် ဖန်ဆင်းတော်မူသ်ည။ ပြန်ဆို၊ "စုံတွဲတခုတည်းမှ" (UDB)

. . . ဖန်ဆင်းတော်မူ၍၊ သူတို့အား ခွဲဝေစီမံသော အချိန်ကာလကို၎င်း၊ သူတို့၏ နေရာအပိုင်းအခြားကို၎င်း မှတ်သားတော်မူ၏

ဝါကျခွဲနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "... ဖန်ဆင်းတော်မူ၏။ သူတို့နေထိုင်မည့် အချိန်ကာလနှင့် နေရာဒေသကိုလည်း သတ်မှတ်တော်မူ၏"

အကြောင်းမူကား

သို့ဖြစ်၍ဟုလည်း ဆိုလိုသည်။

လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်း တည်း

ဘုရားသခင်အကြောင်း လေ့လာ၍ ထိုဘုရားနှင့် ဆက်ဆံမှုရှိလိုခြင်းကို ရှာစမ်းသကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့သည် ဘုရားသခင်၏ လူဖြစ်ရန် လိုအပ်ကြောင်း နားလည်၍ ရှာဖွေသဖြင့် တွေ့မြင်နိုင်မည်အကြောင်းတည်း" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ငါတို့နှင့်နီးရာတွင် ရှိတော်မူသည်" (ရှု၊ rc://*/ta/man/translate/figs-litotes|Litotes)