my_tn/act/15/22.md

2.9 KiB

ယေဘုယျ အချက်အလက်

"မိမိတို့" မှာ တမန်တော်များ၊ သင်းအုပ်များနှင့် ယေရုရှလင်မြို့ ယုံကြည်သူများ အားလုံးကို ညွှန်းသည်။

သင်းဝင်သူ အပေါင်းတို့

"သင်းဝင်သူ" မှာ ယေရုရှလင်မြို့ ယုံကြည်သူများကို ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်မြို့ ယုံကြည်သူအပေါင်းတို့" သို့မဟုတ် "ယေရုရှင်မြို့ အသင်းတော်တခုလုံး" (ရှု၊ [[rc:///ta/man/translate/figs-explicit]] and [[rc:///ta/man/translate/figs-metonymy]])

ဗာရှဗ အမည်သစ်ကိုရသော ယုဒ

"ယုဒ" မှာ ယောကျ်ားအမည် ဖြစ်သည်။ "ဗာရှဗ" မှာ ထိုသူ၏ အခြားအမည် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိပြည်တို့၌ ရှိနေ၍ တပါးအမျိုးသားဖြစ်သော ညီအစ်တို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏

သဝဏ်လွှာ၏ အဖွင့်နှုတ်ဆက်စကား ဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကားနှင့် လိုက်လျောညီထွေမည့် အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်မြို့ရှိ တမန်တော်၊ သင်းအုပ်နှင့် ယုံကြည်သူ အပေါင်းတို့သည် အန္တိအုတ်မြို့နှင့် ရှုရိပြည်မှစ၍ ကိလိကိပြည်တို့၌ ရှိသော တပါးအမျိုး ယုံကြည်သူများထံ နှုတ်ခွန်းဆက်ပါ၏"

ကိလိကိပြည်

ကုပရုကျွန်း မြောက်ဖက်၊ အာရှငယ် (မျက်မှောက်ခေတ် တူရကီ) ၏ ကမ်းစပ်တွင် ရှိသော ပြည်တခု ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)