my_tn/act/15/19.md

4.8 KiB

ဆက်စပ်မှု ဖော်ပြချက်

တမန်တော်များနှင့် သင်းအုပ်များထံ ယာကုပ်၏ ပြောကြားချက် ပြီးဆုံးသည်။ (ရှု၊ ၁၅:၃ နှင့် ၁၅:၁၃)

ယေဘုယျ အချက်အလက်

N/A

တပါးအမျိုးသားတို့ အထဲမှ . . . သူတို့ကို မနှောင့်ရှက်ဘဲလျက်

တပါးအမျိုးတို့ကို အဘယ်နည်းဖြင့် နှောင့်ယှက်ခြင်း မပြုရန် တိကျစွာ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တပါးအမျိုးထဲမှ ... သူတို့ကို မောရှေ၏တရားဖြစ်သော အရေဖျားလှီးခြင်းဖြင့် မနှောင့်ယှက်ဘဲလျက်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဘုရားသခင့် ထံတော်သို့ ပြောင်းလဲသော

ဘုရားသခင်အား ကိုးကွယ်ခြင်းကို ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ရုပ်တုတို့၏ ညစ်ညူးရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ အသွေးကို၎င်း ကြဉ်ရှောင်စေခြင်းငှါ

မတရားမေထုန်ပြုခြင်း၊ ယဇ်ကောင်လည်ပင်း ညှစ်သတ်၍ အသွေးသောက်ခြင်းတို့မှာ ရုပ်တုနှင့် မစစ်မှန်သောဘုရားများ ကိုးကွယ်သော အပြုအမူများ ဖြစ်သည်။

ရုပ်တုတို့၏ ညစ်ညူးရာကို၎င်း

ရုပ်တုကိုးကွယ်လျှင် သတ်စားရသော ယဇ်ကောင်အသားကို ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ အသွေးကို၎င်း

ဘုရားသခင်က ယုဒလူမျိုးတို့ကို သားကောင်၏ အသွေးသောက်ခြင်းမှ တားမြစ်ထားသည်။ မောရှေ ဦးဆုံးပြုစုသော ကမ္ဘာဦးကျမ်းတွင် အသွေးသောက်ခြင်းအမှုကို ဘုရားသခင် တားမြစ်ထားကြောင်း ဖော်ပြထားသည်။ ထို့အတူ၊ သားကောင်ကို လည်ပင်းညှစ်သတ်လျှင် ကိုယ်တွင်းရှိ အသွေးအားလုံး မထွက်သောကြောင့် ထိုသို့ လည်ညှစ်ထားသော အကောင်မျိုးကို စားသုံးခြင်းမှ တားမြစ်ထားသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

မောရှေ၏ပညတ္တိကျမ်းကို တရားစရပ်၌ ဥပုသ်နေ့တိုင်း ဘတ်ရွတ်သဖြင့်

အထက်ပါ ပညတ်ချက်တို့ကို ယုဒလူတို့က မြို့ရွာတိုင်းရှိ တရားဇရပ်တို့၌ အမြဲ သွန်သင်ထားသဖြင့် မည်မျှ အရေးပါသည်ကို တပါးအမျိုးတို့ နားလည်ကြောင်း ဆိုလိုသည်။ ထို့ပြင်မက၊ နားမလည်သော တပါးအမျိုးတို့က တရားဇရပ်ရှိ ဆရာတို့ထံ မေးမြန်းစုံစမ်းနိုင်ကြောင်း ဆိုလိုခြင်းလည်း ဖြစ်သည် (ရှု၊ rc://*/ta/man/translate/figs-explicit)

မောရှေ၏ပညတ္တိကျမ်းကို . . . ဘတ်ရွတ်သဖြင့်

အခြားသောဘာသာပြန်ဆိုချက်၊၊ "မောရှေ၏ကျမ်းကို ... ဖတ်ရွတ်သဖြင့်" (ရှု၊ rc://*/ta/man/translate/figs-metonymy)