my_tn/act/15/05.md

2.0 KiB

ဆက်စပ်မှု ဖော်ပြချက်

တမန်တော်များနှင့် သင်းအုပ်များကို တွေ့ဆုံရန် ပေါလုနှင့်ဗာနဗတို့ ယေရုရှလင်မြို့သို့ ရောက်ရှိသည်။

ယေဘုယျ အချက်အလက်

ဓမ္မဟောင်းကာလ၌ အရေဖျားလှီးခြင်း မခံလျှင် ဘုရားသခင် ထားတော်မူသော တရားကို မကျင့်ဆောင်ဟု မှတ်ယူထားသည်။

. . . သူ အချို့တို့

ယေရှုအား ယုံကြည်ခြင်းကသာ ကယ်တင်ခြင်း ရရှိစေကြောင်း ခံယူသောသူနှင့် ယေရှုကို ယုံကြည်သော်လည်း အရေဖျားလှီးမှသာ ကယ်တင်ခြင်း ရရှိကြောင်း ခံယူသောသူတို့ကို ခွဲခြားနိုင်ရန် ဤဝေါဟာရကို လုကာသုံးနှုန်းထားသည်။

မောရှေ၏တရားကို ကျင့်စေခြင်းငှါ

"မောရှေ၏တရားကို လိုက်နာခြင်းငှါ"

ထိုအမှုကို ကြည့်ရှုဆင်ခြင်ခြင်းငှါ

အပြစ်မှ ကယ်တင်တော်မူခြင်းအတွက် တပါးအမျိုးတို့ အနေဖြင့် အရေဖျားလှီးခြင်းဟူသော မောရှေ၏ပညတ်ချက်ကို မည်သို့ ပြုရမည်ကြောင်း ဆုံးဖြတ်ရန် အသင်းတော် ခေါင်းဆောင်များ ဆွေးနွေးကြသည်။