my_tn/act/15/03.md

3.4 KiB

ယေဘုယျ အချက်အလက်

"မိမိတို့" မှာ ပေါလု၊ ဗာနဗနှင့် အချို့သောသူတို့ကို ညွှန်းသည်။

အသင်းတော်သည် လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗတို့

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အသင်းသားများက အန္တိအုတ်မြို့မှ ယေရုရှလင်မြို့သို့ စေလွှတ်သဖြင့်၊ ပေါလုနှင့် ဗာနဗတို့" (ရှု၊ rc://*/ta/man/translate/figs-activepassive)

အသင်းတော်သည် လမ်း၌ပို့သဖြင့်

"အသင်းတော်" က ထိုအသင်းတော်၏ အသင်းသားတို့ကို ကိုစားပြုသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရှောက်သွား၍ . . . ကြားပြောသဖြင့်

"လျှောက်သွား၍ ... ကြားပြောသဖြင့်။" ဘုရားသခင် ပြုသောအမှုတို့ကို နေရာအစုံ၌ သွားရောက် သက်သေခံ ဝေငှကြောင်း ဆိုလိုသည်။

တပါးအမျိုးသားတို့ ပြောင်းလဲခြင်း အကြောင်းအရာကို ကြားပြောသဖြင့်

"ပြောင်းလဲခြင်း" မှာ နတ်ရုပ်တု ကိုးကွယ်ရာမှ ဘုရား သခင်ကို ယုံကြည်ကိုးကွယ်ခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊"တပါးအမျိုးတို့က ဘုရားသခင်ကို ယုံကြည်လာကြောင်း ကြေညာသဖြင့်" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ညီအစ်ကို အပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ညီအစ်ကိုတို့အား အလွန်ဝမ်းမြောက်ခြင်း ဖြစ်စေ၏" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ညီအစ်ကို

ယုံကြည်သူများကို ညွှန်းသည်။

တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကိုခံ၍

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊"တမန်တော်များ၊ သင်းအုပ်များမှစ၍ ယုံကြည်သူအားလုံး၏ ကြိုဆိုခြင်းကိုခံ၍" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မိမိတို့အားဖြင့်

"မိမိတို့၌"