my_tn/act/15/01.md

4.2 KiB

ဆက်စပ်မှု ဖော်ပြချက်

အန္တိအုတ်မြို့တွင် တပါးအမျိုးနှင့် အရေဖျားလှီးခြင်းအကြောင်း ငြင်းခုံနေချိန်၌ ပေါလုနှင့်ဗာနဗတို့ ရှိနေသေးသည်။

. . . သူ အချို့တို့

"... သူတို့။" ခရစ်တော်ကို ယုံကြည်သော ယုဒလူများဖြစ်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ယုဒပြည်မှ . . . ရောက်လာသော

အန္တိအုတ်မြို့မှာ ယုဒပြည်ထက် မြေနေရာ နိမ့်သဖြင့် "ဆင်းလာသော" ဟု၍ ပြန်ဆိုနိုင်သည်။

ညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏

"ညီအစ်တို့" မှာ ခရစ်တော်ကို ယုံကြည်သောသူများ ဖြစ်သည်။ အန္တိအုတ်မြို့၌ နေထိုင်သော ယုံကြည်သူများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အန္တိအုတ်မြို့ရှိ သင်းဝင်သူတို့အား သွန်သင်ကြ၏" သို့မဟုတ် "အန္တိအုတ်မြို့ရှိ ယုံကြည်သူတို့အား သွန်သင်ကြ၏" (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်

အခြားသောဘာသာပြန်ဆိုချက်၊ "မောရှေ၏တရားအတိုင်း သင်တို့အား အရေဖျားလှီးခြင်း မပြုလျှင်၊ ကယ်တင်ခြင်း မရနိုင်" သို့မဟုတ် "ဘုရားသခင်သည် မောရှေ၏တရားအတိုင်း အရေလှီးခြင်း မခံသောသူကို ကယ်တင်ခြင်း မပေးနိုင်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

တရားအတိုင်း

"ကျင့်ဝတ်အတိုင်း" သို့မဟုတ် "ကျမ်းချက်အတိုင်း"

ထိုသူတို့နှင့် . . . ဆွေးနွေးငြင်းခုံခြင်း များသောအခါ

"ဆွေးနွေးငြင်းခုံခြင်း" ကို ကြိယာပုဒ်ဖြင့် ဖော်ပြနိုင်ပြီး၊ အဘယ်သူနှင့် ထိုသို့ပြုကြောင်း တိကျစွာ ထည့်သွင်း ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုယုဒပြည်သားတို့နှင့် ... ဆွေးနွေးငြင်းခုံကြသောခါ" (ရှု၊ [[rc:///ta/man/translate/figs-abstractnouns]] and [[rc:///ta/man/translate/figs-explicit]])

ယေရုရှလင်မြို့၌ . . . သွားရမည် အကြောင်း

ယေရုရှလင်မြို့မှာ ဣသရေလတိုင်းတွင် မြေနေရာအမြင့်ပိုင်း၌ တည်ရှိသောကြောင့် "တက်သွားမည် အကြောင်း" ဟူ၍ ဖော်ပြနိုင်သည်။

ထိုပြဿနာ၏အကြောင်းကြောင့်

"ဤကိစ္စကြောင့်"