my_tn/act/14/11.md

3.4 KiB

ပေါလုပြုသောအမှု

ခြေမစွမ်းသူအား အနာငြိမ်းပေးခြင်းကို ညွှန်းသည်။

နတ်ဘုရားတို့သည် . . . ငါတို့ရှိရာသို့ ဆင်းသက်ပါသည်တကား

လူအများစုတို့က ပေါလုနှင့်ဗာနဗတို့ကို နတ်ဘုရားအဖြစ် ထင်မှားကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊"နတ်ဘုရားတို့သည် ... နတ်ပြည်မှ ငါတို့ရှိရာသို့ ဆင်းသက်ပါပြီတကား" (ရှု၊ rc://*/ta/man/translate/figs-explicit)

လုကောနိ ဘာသာစကားအားဖြင့်

"လုကောနိစကား၌" (UDB)။ လုတ္တရမြို့တွင် လုကောနိပြည်၏ ဘာသာစကားနှင့် ဟေလသခေါ် ဂရိစကားကို အသုံးပြုသည်။

လူအယောင်ကိုဆောင်၍

နတ်ဘုရားတို့က လူ့ပြည်သို့ ဆင်းသက်ရန် လူအယောင်ဆောင်ကြောင်း အယုံအကြည် ရှိခဲ့ကြသည်။

ဗာနဗကို ဇုသဟူ၍၎င်း ခေါ်ဝေါ်ကြ၏

ဇုသ သို့မဟုတ် ဇုမှာ နတ်ဘုရားများ၏ ဘုရင် ဖြစ်သည်။

ပေါလုသည် သာ၍ဟောပြောသောကြောင့် သူ့ကို ဟေရမဟူ၍၎င်း

ဟေရမ သို့မဟုတ် ဟားမီးမှာ ဇုနတ်မင်း၏ အမိန့်စကားကို ပြန်ကြားသော စေတမန်နတ်မင်းသားဖြစ်သည်။

ထိုမြို့ရှေ့၌ရှိသော ဇုသ၏ ယဇ်ပုရောဟိတ်သည် . . . ယူခဲ့၍

ယဇ်ပုရောဟိတ်အကြောင်းကို အသေးစိတ် ထည့်သွင်းနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊"မြို့ပြင်ရှိ ဇုနတ်ဗိမာန်၏ ယဇ်ပုရောဟိတ်က တမန်တော်တို့အမှုကို ကြားလျှင် ... ယူခဲ့၍" (ရှု၊ rc://*/ta/man/translate/figs-explicit)

နွားနှင့် ပန်းတုံး

နွားမှာ ယဇ်ပူဇော်ရန် ဖြစ်ပြီး၊ ပန်းတုံးမှာ ပေါလုနှင့်ဗာနဗတို့ ခေါင်းပေါ်ဝတ်ရန် သို့မဟုတ် ယဇ်ကောင်၏ခေါင်းတွင် ဆင်ပေးရန် ဖြစ်သည်။

မြို့တံခါးနားသို့

ရှေးခေတ်တွင် မြို့တံခါးကို ချိန်းဆိုသောနေရာအဖြစ် အသုံးပြုလေ့ရှိသည်။

ယဇ်ပူဇော်မည် ပြုသည်ကို

"ယဇ်ပူဇော်မည်အကြောင်း"