my_tn/act/09/23.md

1.9 KiB

ယေဘုယျ အချက်အလက်

"သူ့" ဟူရာတွင် ရှောလုကို ညွှန်းသည်။

ယုဒလူတို့

ယုဒ ခေါင်းဆောင်များကို ညွှန်းသည်။ ပြန်ဆို၊ "ယုဒခေါင်းဆောင်တို့" (UDB) (ရှု၊ rc://*/ta/man/translate/figs-synecdoche)

ထိုအကြံအစည်ကို ရှောလုသည်သိ၏

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "၎င်းကို တစုံတယောက်က ရှောလုအား ကြားပြော၏" သို့မဟုတ် "ထိုအကြံအစည်ကို ရှောလု သိမြင်၏" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မြို့တံခါးတို့ကို . . . စောင့်ကြသောကြောင့်

မြို့ကို မြို့တံတိုင်းများဖြင့် ကာရံထားသောကြောင့်၊ မြို့တံခါးများတွင်သာ အဝင်အထွက် ပြုနိုင်သည်။

တပည့်တော်တို့

ရှောလု၏ သွန်သင်မှုဖြင့် ယေရှုကို လက်ခံယုံကြည်လာသောသူများ

သူ့ကိုယူ၍ တောင်း၌ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ၏

"သူ့ကို တောင်း၌ထည့်ပြီးလျှင် ကြိုးဖြင့် စည်း၍ မြို့ရိုးပေါ်က တင်ချကြ၏"