my_tn/act/07/47.md

3.3 KiB

ယေဘုယျအချက်အလက်

အခန်းငယ် ၄၉နှင့် ၅၀ တွင်၊ သတေဖန်သည်ပရောဖက်ဟေရှယကျမ်းမှကိုးကားသည်။ ကိုးကားချက်တွင် ဘုရား သခင်ကိုယ်တော်တိုင်ပြောသောအကြောင်းဖြစ်ပါသည်။

လူတို့ လက်ဖြင့် လုပ်သော

" လူ့လက်ဖြင့်လုပ်ခဲ့သည်" ( ရှု၊ rc://*/ta/man/translate/figs-synecdoche)

ကောင်းကင်ဘုံသည် ငါ့ပလ္လင် ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။

ပရောဖက်က ဘုရားသခင်၏ရှေ့တော်တွင်ကြီးမြတ်ခြင်းနှင့် လူတို့အတွက်တည်ဆောက်သောနေရာကိုနှိုင်းယှဉ်ခြင်းဖြစ်သည်။ မြေကြီးတစ်ခုလုံးသည်ဘာမျှမဟုတ်၊ ဘုရားသခင်အတွက် အနားယူရန်ခြေတင်ခုံဖြစ်သည်။

အဘယ် သို့သော ဗိမာန် ကိုငါ့အဘို့ တည်ဆောက်ကြမည်နည်း။

ဘုရားသခင်သည်လူတို့၏အားထုတ်မှုကိုအသုံးမဝင်ကြောင်း၊ဘုရားသခင်၏ စောင့်ထိန်းမှုခံရန်မေးခွန်းဖြင့်မေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သင်တို့ ငါ့အတွက် ပြည့်ပြည့်ဝဝ လုံလောက်သောအိမ်ကိုမဆောက်နိုင်ပေ" ( ရှု၊ rc://*/ta/man/translate/figs-rquestion)

အဘယ်အရပ်သည် ငါ့ကျိန်းဝပ် ရာအရပ်ဖြစ်မည်နည်း။

ဘုရားသခင်က လူသည်ဘုရားသခင်နားနေရန်ကိုမပြုလုပ်နိုင်ကြောင်းကိုမေးခွန်းဖြင့်ပြောထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ငါ့အတွက် အနားယူရန် လုံလောက်သောနေရာမရှိပါ" ( ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည် မဟုတ်လော

ဘုရားသခင်က အလုံးစုံတို့ကိုလူသည်မဖန်ဆင်းနိုင်ခြင်းကိုပြလို၍မေးခွန်းဖြင့်မေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဤအရာအားလုံးကို ငါ့လက်ဖြင့်ပြုလုပ်ထားသည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)