my_tn/act/07/44.md

2.5 KiB

သက်သေခံတော် မူချက် ဌာပနာ ရာတဲ

ပညတ်တော် ၁၀ ပါး ထွင်းထားသည့်ကျောက်ပြားသည် သေတ္တာတွင်ထည့်၍ ဤတဲတော်တွင်ထားရန်ဖြစ်သည်။

သက်သေခံတော် မူချက် ဌာပနာ ရာတဲတော်ကို လုပ်ရမည် ...ထိုတဲတော်သည်

ဤစကားစုနှစ်ခုသည်အကြောင်းအရာအတူတူဖြစ်သည်။

တပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့

" နိုင်ငံ၏ပိုင်ဆိုင်မှုအရာများထဲသို့" ဤတွင် မြေယာများ၊ အဆောက်အဦများ၊ အသီးအနှံများ၊တိရစ္ဆာန်များနှင့် သိမ်းပိုက်ရယူခြင်းတွင်ပါသောတိုင်းပြည်၏ပိုင်ဆိုင်သောအရာအားလုံးဖြစ်သည်။

မြေထဲ

ဣသရေလပြည်မတိုင်ခင်သူတို့နေထိုင်ခဲ့ကြသည့်မြေကြီးကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ယခင်ဤတွင်နေထိုင်ခဲ့ကြသောလူမျိုးများ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ဒါဝိဒ်မင်းလက်ထက်တိုင်အောင်

သေတ္တာတော်သည် ဣသရေလဘုရင် ဒါဝိဒ်မင်းလက်ထက်ထိတိုင်အောင်ဆက်လက်ကျန်ရှိခဲ့သည်။

ယာကုပ်၏ ဘုရားသခင် ကျိန်းဝပ်တော်မူဘို့ရာ အရပ်

"ယာကုပ်၏ဘုရားသခင်ကျိန်းဝပ်တော်မူရန် သေတ္တာတော်အတွက် နေရာအိမ်တစ်ခု"၊ ဒါဝိဒ်မင်းသည် ယေရုရှလင်တွင်သေတ္တာတော်ထားရန်အတွက် နေရာကိုလိုချင်သည်၊ တဲတော်တွင်မဟုတ်ပေ။