my_tn/act/04/15.md

24 lines
3.2 KiB
Markdown

# တမန်တော်တို့ကို
ပေတရု နှင့် ယောဟန်ကို ရည်ညွှန်းသည်။
# ဤသူတို့ကို အဘယ်သို့ပြုရမည်နည်း
ယုဒဘာသာရေးအကြီးအကဲများသည် ပေတရုနှင့် ယောဟန်ကို စစ်ဆေးမေးမြန်းခြင်းများပြုလုပ်ပြီးနောက် အထမမြောက်ဘဲ အမှုပြီးစီးသွား၍ မည်သို့ဆက်လက် ပြုလုပ်ရမည်ကို မသိ၍ မေးမြန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် 'ဤလူနှစ်ယောက်ကို ဆက်လက်ပြီးလုပ်ဆောင်နိုင်မှု ဘာမျှမရှိတော့ပါ' (ရှု၊ [[rc://*/ta/man/translate/figs-rquestion]])
# သူတို့သည် ... သိမြင်ကြ၏
ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ 'ယေရုရှလင်၌ နေထိုင်သော လူတိုင်းသည် ထိုသူတို့ပြုသော ထင်ရှားသည့် နိမိတ်လက္ခဏာကို သိမြင်ကြ၏။' (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# ယေရုရှလင်မြို့၌ နေသောသူအပေါင်းတို့သည်
အခြားသောဘာသာပြန်ဆိုချက် 'ယေရုရှလင်မြို့၌ နေထိုင်သောသူအားလုံးနီးပါးခန့်' (ရှု၊ [[rc://*/ta/man/translate/figs-hyperbole]])
# လူများအထဲ၌ သာ၍ မနှံမပြားစေခြင်းငှါ
ပေတရုနှင့် ယောဟန်တို့၏ နိမိတ်လက္ခဏာပြုသမျှအားလုံးနှင့် သင်ကြားခြင်းများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက် 'လူများစွာထဲသို့ ထိုသို့သော နိမိတ်လက္ခဏာနှင့် သူတို့၏ဟောကြားသော အရာများမပျံ့နှံ့၊ မပေါက်ကြားစေခြင်းငှာ' (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# နောက်တဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်
'နာမ' ဆိုသည်မှာ 'သခင်ယေရှု'၏ နာမကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက် 'သခင်ယေရှုအကြောင်းနှင့် နာမကို မဟောမပြောနှင့်' (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])