my_tn/act/04/05.md

2.3 KiB

ဆက်စပ်မှုဖော်ပြချက်

မင်းအရာရှိများသည် ပေတရုနှင့် ယောဟန်ကို စစ်ဆေးမေးမြန်းစဉ် ထိုသူနှစ်ယောက်သည် ကြောက်ရွံ့မှုမရှိ ဖြေကြားခဲ့သည်။

ယေဘုယျအချက်အလက်

ယုဒလူမျိုးများကို ရည်ညွှန်းပြောဆိုသည်။

နက်ဖြန်နေ့ရောက်သော်

ဤစကားရပ်သည် စစ်ဆေးမေးမြန်းခြင်းအမှုကို စတင်တော့မည်ဖြစ်ကြောင်းကို ဖော်ပြထားသည်။

မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာတို့နှင့်

ယေရုစလင်မြို့ရှိ ယုဒလူမျိုးများ၏ တရားရုံးသည် အုပ်စု (၃)မျိုးဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။ (မင်းအရာရှိများ၊ လူအကြီးအကဲများနှင့် ကျမ်းပြုဆရာများတို့ဖြင့် ဖွဲ့စည်းထားသည်) (ရှု၊ rc://*/ta/man/translate/figs-synecdoche)

ယောဟန်၊ အာလေဇန္ဒြမှစ၍

ဤလူပုဂ္ဂိုလ် နှစ်ဦးသည် ယဇ်ပုရောဟိတ်မင်းအနွယ်ဝင်ဖြစ်သည်။ တမန်တော်ယောဟန်ကို ရည်ညွှန်းခြင်းမဟုတ်ပါ။

အဘယ်သို့သောတန်ခိုး

တစ်ဦးတစ်ယောက်ကပေးသောတန်ခိုးအစွမ်း

အဘယ်သူ၏ နာမအားဖြင့်

နာမဟုဆိုရာတွင် အခွင့်အာဏာကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက် 'အဘယ်သူ၏ အခွင့်အာဏာဖြင့်' (ရှု၊ rc://*/ta/man/translate/figs-metonymy)