my_tn/act/03/21.md

4.0 KiB

ဆက်စပ်မှုဖော်ပြချက်

တမန်တော် ၃:၁၁ ၌ အစပြုခဲ့သော ပေတရုသည် ဆက်လက်၍ ဗိမာန်တော်နေရာ၌ ရပ်နေသော ယုဒလူမျိုးကို ပြောဆိုသည့်အကြောင်းအရာဖြစ်သည်။

ယေဘုယျအချက်အလက်

အပိုဒ်ငယ် ၂၂-၂၃ ၌ ရှိသော ကယ်တင်ရှင်ခရစ်တော်မပေါ်မီ မောရှေပြောသောအရာကို ကိုးကားထားသည်။

ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်

ပေတရုသည် ယေရှုကို လက်ခံသောသူသည် သူ၏အိမ်၌ ကောင်းကင်ဘုံကို လက်ခံရယူကြောင်း ပြောဆိုထားသည်။ (ရှု၊ rc://*/ta/man/translate/figs-personification)

ကောင်းကင်ဘုံသည် .... ခံယူသိမ်းဆည်းရမည်

ကောင်းကင်ဘုံ၌ ကျန်ရစ်အသက်ရှင်ရန် ခရစ်တော်ကို လက်ခံဖို့လိုအပ်သည့်အရာမှာ ဘုရားသခင်၏ စီမံကိန်းဖြစ်သည်။

အလုံးစုံသော အရာတို့ကို အသစ်ပြုပြင်တော်မူသော ... မရောက်မှီတိုင်အောင်

အဓိပ္ပာယ် (၂) မျိုးရှိသည်။ (၁) အလုံးစုံသောအရာတို့ကို ပြန်လည်နေရာချထားတော်မူသည့်တိုင် (၂) အလုံးစုံသောအရာတို့သည် ပြီးပြည့်စုံလာသည့်တိုင်

ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက် .... ထိုကပ်ကာလ

ဘုရားသခင်ကိုယ်တိုင် ပရောဖက်များကို ရှေးကနဦးက ပြောခဲ့သော စကားတော်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် 'ထိုအကြောင်းအရာကို ရှေးကနဦးကတည်း က ဘုရားသခင်ကိုယ်တော်တိုင် သန့်ရှင်းသော ပရောဖက်များကို ပြောခဲ့သောစကားဖြစ်သည်။'

သန့်ရှင်းသောပရောဖက်ဆရာတော်တို့နှုတ်ဖြင့်

ပရောဖက်များ ပြောဆို၍ ရေးသားထားသည်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက် 'သူ၏ သန့်ရှင်းသော ပရောဖက်များ၏ နှုတ်စကား' (ရှု၊ rc://*/ta/man/translate/figs-metonymy)

ပရောဖက်တပါးပေါ်ထွန်းတော်မူမည်

ပရောဖက်တပါးခန့်ထားတော်မူမည်

ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်းခြင်းကို ခံရမည်ဟုဟော၏

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ 'ထိုပရောဖက်ဟူသော ဘုရားသခင်သည် ရှင်းရှင်း ဖျက်ဆီးတော်မူမည်' (ရှု၊ rc://*/ta/man/translate/figs-activepassive)