my_tn/act/03/11.md

3.9 KiB

ဆက်စပ်မှုဖော်ပြချက်

ထိုလမ်းမလျှောက်နိုင်သော သူကို အနာငြိမ်းခြင်းပြုတော်မူပြီးနောက် ပြေဆိုသော ပေတရု၏ စကားဖြစ်သည်။

ယေဘုယျအချက်အလက်

ရှောလမုန် ကနားပြင်ဟူ၍ ဖော်ပြသောကြောင့် သူတို့သည် ဗိမာန်တော်၏ အဝင်တံခါးဝ၌သာဖြစ်သည်။ ယဇ်ပရောဟိတ်များသာ ဗိမာန်တော်ထဲသို့ဝင်ခွင့်ရှိသည်။'

ယေဘုယျအချက်အလက်

ပေတရုပြောဆိုနေသော 'ငါတို့' သည် ထိုလူများကို မဟုတ်ဘဲ သူနှင့် ယောဟန်ကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-exclusive)

ရှောလမုန်ကနားပြင်အမည်ရှိသော

'ရှောလမုန်ကနားပြင်' သည် အဝင်တံခါးပေါက်မုခ်ဦးကဲ့သို့ ကျောက်တုံးလှေကားထစ်များနှင့် အမိုးအကာများဖြင့် ပြုလုပ်ထားသည်။

အံ့ဩကြသည်

အလွန်အမင်းအံ့အားသင့်ကြသည်။

ပေတရုသည်မြင်လျှင်

လူများအံ့ဩနေသည်ကို ပေတရုမြင်လျှင်

ဣသရေလလူတို့

ဣသရေလလူအများကို ပေတရုပြောဆိုသည်။

အဘယ်ကြောင့်ဤအမှုကို အံ့ဩကြသနည်း

ဤဖြစ်ပျက်ခဲ့သောအမှုကို မအံ့အားသင့်ကြောင်း ရည်ရွယ်၍ ပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက် 'မအံ့ဩသင့်ကြောင်း' (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဤသူသည် ..... စေ့စေ့ကြည့်ရှုကြသနည်း

ထိုကြည့်ရှုသော ဣသရေလလူများကို ပေတရုနှင့် ယောဟန်သည် မိမိတို့၏ တန်ခိုးအစွမ်းအစဖြင့် လုပ်နိုင်ခြင်းမဟုတ်ကြောင်း မေးခွန်းပုံစံဖြင့် ပြန်လည်ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက် 'သင်တို့၏ စူးစိုက်၍ ကြည့်ရှုခြင်းကို ငါတို့ထံမှ ကွာစေပါ။ ထိုသူငယ်ကို ငါတို့၏ ကိုယ်ပိုင်အစွမ်းတန်ခိုးဖြင့် သို့မဟုတ် ဘုရားသခင်ကဲ့သို့ ငါတို့ပြုခြင်းမဟုတ်ပါ။' (ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း

သေချာစွာအာရုံစူးစိုက်ပြီး သူတို့ကို မရပ်မနားကြည့်နေခြင်းဟု အဓိပ္ပာယ်သက်ရောက်သည်။ အခြားသောဘာသာပြန်ဆိုချက် 'စူးစိုက်နေခြင်း' သို့မဟုတ် 'ကြည့်နေခြင်း' (ရှု၊ rc://*/ta/man/translate/figs-idiom)